Top News

ဟစ်ဇ်ဘိုလာ ဒုံးကျည်များ အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ကို ပထမဆုံး တိုက်ရိုက်ထိမှန်
24htopnews | October 7, 2024 7:12 PM CST

ဟစ်ဇ်ဘိုလာတို့ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် အစ္စရေးနိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ဟိုင်ဖာမြို့ကို တနင်္လာနေ့အစောပိုင်းက ထိမှန်ခဲ့ပြီး အစ္စရေးစစ်တပ်က ယုံကြည်စိတ်ချရသည်ဆိုသော လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ရှောင်လွှဲနိုင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိမြို့ကို ပထမဆုံး တိုက်ရိုက်တိုက်ခိုက်မှုလည်းဖြစ်သည်။

ဟိုင်ဖာမြို့တောင်ဘက် စစ်အခြေစိုက်စခန်းတစ်ခုကိုလည်း Fadi 1 ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာတို့က ဆိုသည်။

ဟိုင်ဖာနှင့် တိဘေးရီးယားတို့တွင် လူ ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြသည်။

ဟစ်ဇ်ဘိုလာဒုံးကျည်များကို မိမိတို့ဖက်မှ ကြားဖြတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ပစ်မှတ်ဆီသို့မရောက်ပဲ ပျက်ကျသည့် ဒုံးကျည်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ဟိုင်ဖာရှိ ရဲတပ်ဖွဲ့ အဆောက်အအုံများနှင့် အခြားအဆောက်အအုံ အများအပြား ပျက်စီးခဲ့ပြီး လူအနည်းငယ် ဒဏ်ရာရရှိခဲ့ကာ အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်ကို ပြန်လည်စစ်ဆေးနေဆဲဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK