Top News

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာတို့ တွေ့ဆုံ၍ နှစ်နိုင်ငံဘောလုံးကိစ္စရပ်များ ဆွေးနွေး
24htopnews | October 7, 2024 7:12 PM CST

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာတို့ တွေ့ဆုံ၍ နှစ်နိုင်ငံဘောလုံးကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာတို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံကြား အရေးကြီးသည့် ဘောလုံးကိစ္စရပ်များ၊ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်အတွေ့အ ကြုံနှင့် အကြံအညဏ်များဖလှယ်ခြင်း၊ အတူတကွလက်တွဲလုပ်ဆောင်သွားမည့် ဘောလုံးကိစ္စရပ်များ၊ အာရှဘောလုံးကိစ္စရပ်များ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာတို့သည် လက်ရွေးစင်အသင်းဂျာစီများအား  အပြန်အလှန် အမှတ်တရလဲလှယ်လက်ဆောင်ပေးခြင်း၊  နှစ်နိုင်ငံ ဘောလုံးဖွံ့ဖြိုးတိုက်ရေးကိစ္စရပ်များအတွက် ကတိကဝတ်ထားရှိခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာလက်ထက်တွင် သီရိလင်္ကာလက်ရွေးစင်အသင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် တိုးတက်လာသည့်အတွက်လည်း ချီးကျူးစကားပြောကြားခဲ့ကြောင်း သိရသည်။

သီရိလင်္ကာလက်ရွေးစင်အသင်းသည် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ  Play-off အဆင့်၌  ကမ္ဘောဒီးယားအသင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီး တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားသည်။

သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) ဥက္ကဋ္ဌ ဂျက်စ်ဝါအူမာသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာအတွင်းက ပြုလုပ်ခဲ့သည့် FFSL ရွေးကောက်ပွဲတွင် အနိုင်ရှိပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီအတွင်းက သီရိလင်္ကာဘောလုံးအဖွဲ့ချုပ်(FFSL) အပါအဝင် သီရိလင်္ကကာလက်ရွေးစင်အသင်းများနှင့် ကလပ်အသင်းများကို နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် သြဂုတ်ကမှ ရုပ်သိမ်းထားခြင်းဖြစ်သည်။ 


READ NEXT
Cancel OK