Top News

5 Digits အွန်လိုင်းထီကို Aung Bar Lay အပလီကေးရှင်းတွင် ဝယ်ယူကံစမ်းနိုင်
24htopnews | October 6, 2024 9:12 PM CST

အက္ခရာ (၁) လုံး နှင့် ဂဏန်း (၅) လုံးပါသည့် 5 Digits အောင်ဘာလေ အွန်လိုင်းသိန်းဆုထီကို Aung Bar Lay အပလီ ကေးရှင်းတွင် ဝယ်ယူကံစမ်းနိုင်ကြောင်း အောင်ဘာလေသိန်းဆုထီဌာနခွဲမှ အသိပေးကြေညာထားသည်။

5 Digits အွန်လိုင်းထီကို ယခင် Aung Bar Lay အပလီ ကေးရှင်းတွင် ဝယ်ယူကံစမ်းနိုင်ပြီး ထီလက်မှတ် ငွေပေးချေခြင်းနှင့် ထီဆုငွေ ထုတ်ယူခြင်းသည် ယခင် အောင်ဘာလေအွန်လိုင်းသိန်းဆု ထီစနစ်အတိုင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါထီကို အောက်တိုဘာ (၁၅) ရက်မှစပြီး ရောင်းချပေးမည်ဖြစ်ပြီး 5 Digits အွန်လိုင်း ထီကိုတစ်လ (၂) ကြိမ် ရောင်းချပေးမည်ဖြစ်ပြီး ရောင်းချမည့်ကာလမှာ လတစ်လ၏ (၁) ရက်မှ (၁၄) ရက်ထိ (၁) ကြိမ် နှင့် (၁၆) ရက်မှ လကုန်ရက်မတိုင်ခင် (၁) ရက် အလိုအထိ (၁) ကြိမ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းထီဖွင့်ပွဲကို ပထမအကြိမ်အတွက် လစဉ် (၁၆)ရက်နှင့်ဒုတိယအကြိမ်အတွက် နောက်လ၏ (၂)ရက်တွင် ပုံမှန် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းထီဆုအနေဖြင့် Jackpot ဆု၊ ယူနစ်ဆုနှင့် နှစ်သိမ့် ဆုများအပါအဝင် အခြားထီဆုများ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး Jackpot ဆု၏ ထီလက်မှတ်ကံထူးရှင်ကို (၃)ကြိမ်တိတိ ဖွင့်လှစ်ရွေးချယ် ပေးမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။


READ NEXT
Cancel OK