Top News

ရီးယဲလ်အသင်းနှင့်ပွဲတွင် နောက်ခံလူ လီနော်မန့် ဦးနှောက်ဒဏ်ရာရခဲ့ဟု အက်သလက်တီကိုအသင်း ထုတ်ပြန်
24htopnews | October 6, 2024 4:12 PM CST

 

အက်သလက်တီကိုအသင်းက အသင်းနောက်ခံကစားသမား လီနော်မန့်သည် ရီးယဲလ်အသင်းနှင့်ပွဲတွင် ဦးနှောက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

စက်တင်ဘာ (၂၉)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် အက်သလက်တီကို (၁-၁) ရီးယဲလ်ပွဲတွင် အက်သလက်တီကိုနောက်ခံကစားသမား လီနော်မန့်သည် ပွဲပြီးခါနီးတွင် ရီးယဲလ်ကွင်းလယ်ကစားသမား ချူယာမန်နီနှင့် ခေါင်းပြိုင်တိုက်ရာတွင် ထိခိုက်မိခဲ့ ခြင်းဖြစ်သည်။ 

လီနော်မန့်သည် ချူယာမန်နီနှင့် ထိခိုက်မိပြီးနောက် ကွင်းအတွင်း ဆေးကုသမှုခံယူခဲ့ပြီး ပွဲပြီးဆုံးအောင် ကစားခဲ့သည်။ ပွဲအပြီးတွင် အက်သလက်တီကိုအသင်းက ၎င်းကို စစ်ဆေးမှုများထပ်မံ ပြုလုပ်ခဲ့ပြီး ဦးနှောက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အက်သလက်တီကို၏ထုတ်ပြန်ချက်တွင် လီနော်မန့်အနေဖြင့် ရီးယဲလ်နှင့်ပွဲတွင် ခေါင်းထိခိုက်မိပြီးနောက် ဦးနှောက်ထိ ခိုက်မိခဲ့ကြောင်း ပါရှိသည်။ ယင်းဒဏ်ရာမှာ မသန်စွမ်းဖြစ်စေနိုင်ပြီး သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK