Top News

တယ်လီမက်တစ်စနစ်တပ်ဆင်ထားခြင်းမရှိသည့် ခရီးသည်တင်ယာဉ်များကို အောက်တိုဘာ (၁၆) ရက်မှစတင်ပြီးဖြတ်သန်းခွင့်မပြုဟုဆို
24htopnews | October 6, 2024 1:12 PM CST

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် တယ်လီမက်တစ်စနစ် တပ်ဆင်ထားခြင်းမရှိပါက အောက်တိုဘာ (၁၆) ရက်မှစတင်ပြီးဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်ကြီးများအား အမြန်လမ်းမကြီးများ ဥပဒေနှင့်အညီ မောင်းနှင်ရန်နှင့် ခရီးသွားမိဘပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် တယ်လီမက်တစ်စနစ်တပ်ဆင်၍ (၂၄)နာရီပတ်လုံး စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်ကြီးများ၌ တယ်လီမက်တစ်စနစ်အား စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလ ရက်ပေါင်း (၁၂၀) သတ်မှတ်၍ ဇွန်လ (၁၈) ရက်မှ အောက်တိုဘာ (၁၅) ရက်အထိ ဆောင်ရွက်ထားခြင်းဖြစ်သည်။

စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလ ပြီးဆုံးသည့် အောက်တိုဘာ (၁၆) ရက်မှစပြီး စက်တပ်ဆင်ထားခြင်းမရှိသည့် ခရီးသည်တင် ယာဉ်ကြီးများကို အမြန်လမ်းသုံးစွဲခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးကြေညာထားသည်။


READ NEXT
Cancel OK