Top News

■ အဲဗာတန်နောက်ခံကစားသမား ဘရန့်ဝိတ်အား ခေါ်ယူရန် လီဗာပူးလ်အသင်း အသင့်ရှိ     
24htopnews | October 4, 2024 9:12 PM CST

လီဗာပူးလ်အသင်းသည် မာဆေးဆိုက်မြို့ခံပြိုင်ဘက် အဲဗာတန်နောက်ခံကစားသမား ဘရန့်ဝိတ် အား ခေါ်ယူရန် အသင့်ရှိနေကြောင်း The Mirror က ဖော်ပြခဲ့သည်။ 

အင်္ဂလန်နောက်ခံကစားသမား ဘရန့်ဝိတ် (၂၂ နှစ်)သည် ပြီးခဲ့သည့်ရာသီကထင်ပေါ်လာသူဖြစ်ပြီး မန်ယူအသင်းကခေါ် ယူရန် ကြိုးပမ်းခြင်းခံခဲ့ရသူလည်းဖြစ် သည်။ 

မန်ယူအသင်းသည် ဘရန့်ဝိတ် အား ပေါင်သန်း (၅၀) သာ ပေးချေလို ခဲ့ပြီး အဲဗာတန်အသင်းက ပေါင်သန်း (၇၀) သတ်မှတ်ထားသည့်အတွက်အ ပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပေ။ 

ယခုအခါ လီဗာပူးလ်အသင်းက ဘရန့်ဝိတ်အား အဲဗာတန်အသင်းအလိုရှိသည့် ပေါင်သန်း (၇၀)ဖြင့် ဇန်နဝါရီတွင်ကမ်း လှမ်းရန်အသင့်ရှိကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် နယ်သာလန်ဝါရင့်နောက်ခံကစားသမား ဗန်ဒိုက် (၃၃ နှစ်)၏ နေရာတွင် ရေရှည်အစားထိုးရန်အတွက် ဘရန့်ဝိတ်ကို ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။ 


READ NEXT
Cancel OK