Top News

■ လာလီဂါပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက် 
24htopnews | October 4, 2024 9:12 PM CST

အက်စ်ပန်ညို - မာယော့ကာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၆:၃၀ နာရီ)

အက်စ်ပန်ညိုက ခုတလောကစားပုံကျသွားပြီး မာယော့ကာက အတက်ဘက်ပြလာတယ်။ ဒါပေမဲ့ အက်စ်ပန်ညိုကွင်းမှာတော့ အစဉ်အလာအရ မာယော့ကာ အနိုင်ရဖို့ခက်နေလို့ ဒီပွဲက အိမ်ရှင်အသင်းအမှတ်ရဖို့ အခွင့်အရေးသာနေတာအမှန်ပါ။ ဂိုးနည်းသရေပွဲလို့ပဲမှန်းထားချင်တယ်။



ဂီတာဖေး - အိုဆာဆူနာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၄၅ နာရီ)

အိမ်ကွင်းမှာ ဂီတာဖေးနိုင်ပွဲရသွားလို့ ယုံကြည်မှုပိုအားကောင်းနေနိုင်တယ်။ အိုဆာဆူနာကလည်း ထုံးစံအတိုင်းအဝေးကွင်းရောက်ရင်ကစားပုံလျော့သွားတုန်းပါပဲ။ အစဉ်အလာအရလည်း ဂီတာဖေးကွင်းမှာ အိမ်ရှင်ကို အိုဆာဆူနာ သိပ်ပြီးယှဉ်နိုင်လေ့မရှိလို့ အိမ်ကွင်းပထမဆုံးနိုင်ပွဲကြောင့် တက်ကြွနေနိုင်တဲ့ ဂီတာဖေးကိုပဲ ရွေးထားလိုက်တယ်။ ဂိုးလည်း များမယ်။



လက်ပါမားစ် - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၁၁:၀၀ နာရီ)

လက်စ်ပါမားစ်ကလည်း ဒီရာသီပထမဆုံးနိုင်ပွဲရှာနေရဆဲပဲ။ အိမ်ကွင်းကစားပုံမဆိုးလှပေမယ့် ဒီရာသီခံစစ်ပိုင်းလျော့နေတာက လက်စ်ပါမားစ်ရဲ့အားနည်းမှုလိုဖြစ်နေတယ်။ ဆယ်လ်တာဗီဂိုကလည်း အဝေးကွင်းစွမ်းရည်အရသိပ်အကောင်းကြီး မဟုတ်ပေမယ့် တိုက်စစ်ဖွင့်ပြီး ဂိုးတွေရအောင်ကစားတတ်တဲ့ အသင်းပါ။ အခုပွဲလည်း အဝေးကွင်းဆိုပေမယ့် ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲ ပိုကြိုက်နေမိတယ်။



ဗယ်လာဒိုလစ် - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၁၁:၀၀ နာရီ)

ဗယ်လာဒိုလစ်ကလည်း အိမ်ကွင်းအားနဲ့ကစားတဲ့အသင်းလို ဖြစ်နေတယ်။ ဒါပေမဲ့ တိုက်စစ်အားအားနည်းချက်က ဗယ်လာဒိုလစ်ကို ရသင့်သလောက်အမှတ်တွေမရစေဘူးဖြစ်နေတယ်။ ဗယ်လက်ကာနိုက ထိန်းကစားတတ်တဲ့အသင်းပါ။ ဂိုးနည်းသရေပွဲလို့ပဲ ထင်နေမိတယ်။



ရီးယဲလ်မက်ဒရစ် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၆ ရက် နံနက် ၁:၃၀ နာရီ)

ဗီလာရီးယဲလ်ကတော့ အဆင့် (၃)နေရာအထိတက်လာတယ်။ သွင်းဂိုး (၁၇)ဂိုးနဲ့ ရီးယဲလ်မက်ဒရစ်နဲ့အတူ ဒုတိယဂိုးအများဆုံးရထားတဲ့အသင်းလည်းဖြစ်တယ်။ ဒါကြောင့် ဘာနေဗျူးမှာကစားမှာဆိုပေမယ့် ရီးယဲလ်တို့ ဗီလာရီးယဲလ်ကို ခက်ခက်ခဲခဲရင်ဆိုင်ရဖို့များနေတယ်။ ရီးယဲလ်ခံစစ်ကလည်း လာလီဂါနောက်ဆုံး (၃)ပွဲမှာ  ပွဲတိုင်းဂိုးပေးထားရလို့ ဗီလာရီးယဲလ်တိုက်စစ်ကိုအနည်းထိန်းရမယ်ထင်တယ်။ နှစ်သင်းစလုံးခံစစ်ပိုင်းက ခပ်ပျော့ပျော့ဖြစ်နေကြလို့ ဒီပွဲက ဂိုးသွင်းပြိုင်ကြမယ့်ပွဲလိုဖြစ်လိမ့်မယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဒီနှစ်သင်းတွေ့ခဲ့တဲ့ (၂)ပွဲစလုံး သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ရီးယဲလ်ကွင်းမှာ ရီးယဲလ်က (၄-၁) ဂိုးနဲ့ ဂိုးပြတ်နိုင်ထားတယ်။ အခုတစ်ကြိမ်လည်း သွင်းဂိုးတွေများ ဦးမယ့်ပွဲဖြစ်လာနိုင်ပြီး ရီးယဲလ်မက်ဒရစ် ဂိုးပြတ်နိုင်ဖို့တော့ ခက်မယ်ထင်တယ်။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲ ပိုကြိုက်မိတယ်။


READ NEXT
Cancel OK