Top News

ရုရှား – မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ပညာရေး၊ ခရီးသွားလာရေးကဏ္ဍများ ပိုမိုတိုးမြှင့်ရေးဆွေးနွေး
24htopnews | October 4, 2024 4:12 PM CST

ရုရှား – မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ပညာရေး၊ ခရီးသွားလာရေးကဏ္ဍများ ပိုမိုတိုးမြှင့်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် အား အောက်တိုဘာ(၃) ရက်၊ နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တိုးတက်ခိုင်မာစေရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ခရီးသွားလာရေးကဏ္ဍ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK