Top News

International Army Games- 2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားနိုင်ငံသို့ သွားရောက်
24htopnews | October 4, 2024 4:12 PM CST

ရုရှားနိုင်ငံတွင် ပြုလုပ်နေသည့် International Army Games- 2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် အတွက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ရုရှားနိုင်ငံတွင် ပြုလုပ်နေသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ သံရုံး ဒုတိယ အကြီးအကဲ Mr. Pavel Klabukov နှင့် တာဝန်ရှိသူများသည် ရုရှားနိုင်ငံသို့ ထွက်ခွာမည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ခရီးစဉ်တွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး‌ အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် International Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း၊ ရုရှားနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက် လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် သြဂုတ်လအတွင်း ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ စစ်တပ်များ၏ စွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုပိတ်ပွဲအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်ခြင်းဖြစ်သည်


READ NEXT
Cancel OK