ထိုင်ဝမ်တွင် ဆေးရုံ မီးလောင်မှုကြောင့် လူကိုးဦး သေဆုံး
24htopnews | October 3, 2024 7:12 PM CST
ထိုင်ဝမ်တောင်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် အောက်တိုဘာ ၃ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူကိုးဦး သေဆုံးခဲ့ကြောင်းမီး သတ်အေဂျင်စီက ပြောကြားခဲ့သည်။
ပင်တွန်း ကောင်တီရှိ ဆေးရုံတွင် အောက်တိုဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄ဝတွင် မီးလောင်ကျွမ်းခဲ့ပြီး နေ့လယ် ၁ နာရီတွင်မီး ငြိမ်းသတ်ခဲ့သည်ဟု မီးသတ်အေဂျင်စီက အွန်လိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ဆေးကုသမှု ခံယူရန် အခြားနေရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး နောက် သေဆုံးသူရှစ်ဦးရှိကြောင်း အတည် ပြုထားပြီး နောက်ပိုင်းတွင် အခင်းဖြစ်ပွား သည့်နေရာ၌ သေဆုံးသူတစ်ဦးကို ထပ်မံတွေ့ ရှိခဲ့သည်ဟုဆိုသည်။
ထိုင်ဝမ်ကျွန်းတောင် ပိုင်းတွင် တိုင်ဖွန်းခရာသွန်း ကျရောက်သည့် တစ်ရက်တည်းတွင် ယင်းမီးလောင်မှုဖြစ်ပွား ခဲ့သော်လည်း ထိုင်ဝမ်အာဏာပိုင်များက ထို ဖြစ်စဉ်နှစ်ခုသည် ဆက်စပ်မှုမရှိကြောင်းပြော ကြားခဲ့သည်။
READ NEXT
-
အိန္ဒိယသံအမတ်အပါအဝင် သံအမတ်ငါးဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ခေါ်
-
မြန်မာ့ပြည်တွင်း ပဋိပက္ခကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ကုန်ကူးမှု မြင့်တက်လာဟု ထိုင်း ပြော
-
မြစ်သားမြို့နယ်အတွင်း ဆည်ရေလွှတ်မှုကြောင့် ပန်းလောင်မြစ်ကမ်းဘေးရှိ ကျေးရွာအုပ်စု (၂၀)ခန့် ရေကြီးရေလျှံ ဆက်လက်ဖြစ်ပွားနေ
-
ပုံဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းမှ ဘုရား(၉)ဆူအား မိုးကြိုးလွှဲတပ်ဆင်လျက်ရှိရာ(၄)ဆူပြီးစီး
-
ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် ဓါတ်ကြိုးများနှင့်မလွတ်ဘဲ မောင်းနှင်သည့် ကွန်တိန်နာယာဉ်ကြောင့် ဓါတ်တိုင် (၅)တိုင်ခန့် ပြိုလဲပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်