Top News

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်ရှိ အစ္စရေးသံရုံးအနီးတွင် ပေါက်ကွဲမှုနှစ်ခုဖြစ်ပွား
24htopnews | October 3, 2024 4:12 PM CST

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်မြောက်ပိုင်းရှိ အစ္စရေးသံရုံးအနီးတွင် စက်တင်ဘာ ၁ ရက်ညပိုင်းက ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ဒိန်းမတ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

"ဒဏ်ရာရသူတော့မရှိပါဘူး။  အခင်ဖြစ်တဲ့နေရာမှာ ကနဦးအဆင့် စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်"ဟု ကိုပင်ဟေဂင်ရဲတပ်ဖွဲ့က X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဟာ အစ္စရေးသံရုံးနဲ့ ဆက်စပ်မှုရှိ၊ မရှိဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်" ဟု ဒိန်းမတ်ရဲတပ်ဖွဲ့ကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့်အနီးတစ်ဝိုက်ကို အသွားအလာပိတ်ပင်ထားပြီး ရဲတပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ချထားသည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို အစ္စရေးသံရုံးက ချက်ချင်းဖြေကြားခဲ့ခြင်းမရှိပေ။

Ref: Reuters


READ NEXT
Cancel OK