တရုတ်ဈေးကွက်သို့ မြန်မာနိုင်ငံမှ ပို့ကုန်များ တရားဝင် တင်ပို့ခွင့် ရရေးအတွက် နှစ်နိုင်ငံ စာချုပ် ချုပ်ဆိုလိုသော်လည်း စာချုပ်အရ သတ်မှတ်ထားသည့် အရည်အသွေး ပြည့်မီသည့် ပို့ကုန်များ တင်ပို့နိုင်ရေးမှာ အခက်အခဲ ဖြစ်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။“အဓိကက တရုတ်ဘက်ကို တရားဝင် ပို့ဖို့အတွက် စာချုပ်တော့ ချုပ်ချင်တယ်။ ဒါပေမဲ့ ဘာအခက်အခဲရှိလဲ ဆိုတော့ သူတို့ဘက်က တောင်းဆိုလာတဲ့ သတ်မှတ်တဲ့ အရည်အချင်းတွေ။ အဲဒါတွေကျတော့ ကျွန်တော်တို့ဘက်က ဖြည့်ဆည်းဖို့က အခက်အခဲ ရှိနေသေးတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလည်း ဒါကို အဓိက စဉ်းစားနေတာပေါ့။ နှစ်နိုင်ငံ စာချုပ် ချုပ်လိုက်လို့ တရားဝင် ပို့လို့ ရတယ်ဆိုရင် သူတို့ သတ်မှတ်တဲ့ အရည်အသွေးကို ကျွန်တော်တို့က ပို့ရတော့မယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်သမ္မတ လာတုန်းက ဆန်တန်ချိန် တစ်သိန်းပို့ဖို့ စာချုပ် ချုပ်ထားတာ အခုမှ တန်ချိန် ငါးသောင်းကျော်ပဲ ပို့နိုင်သေးတယ်။ ဆန်တန် တစ်သိန်းတောင်မှ ကျွန်တော်တို့ ပို့ဖို့ကို သူတို့ဘက်က အဖွဲ့တွေက မြန်မာပြည်မှာ လာစစ်တယ်။ နှစ်ခါလောက် လာစစ်ပြီးမှ ခွင့်ပြုပေးတယ်။ ဘာတွေစစ်လဲ ဆိုရင် ဆန်သိုလှောင်တဲ့ ဂိုဒေါင်တွေ စစ်တယ်။ ဆန်စက်တွေ စစ်တယ်။ အများကြီး စစ်တယ်။ ကျွန်တော်တို့ ဘက်မှာက လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်” ဟု လက်ထောက်အတွင်း ဝန်ဦး ခင်မောင်လွင်က ပြောကြားသည်။တရုတ် အစိုးရဘက်မှ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် တရားမဝင် ဝင်ပေါက် ထွက်ပေါက်များကို ပိတ်ဆို့ပြီး လိုက်လံ စစ်ဆေးနေသည့်အတွက် မြန်မာဘက်မှ ဆန်နှင့် သကြားတင်ပို့နေမှုများ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ တရားမဝင် မှောင်ခိုတင်သွင်းမှု ပြစ်မှုဆိုင်ရာ လုပ်ရပ်အပေါ် ပြင်းထန်စွာ တားဆီးနှိမ်နင်းမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကိုလည်း ၂၀၁၆ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားသည်။“ကျွန်တော်တို့ဆီက သွားနေတဲ့ ပြောင်း၊ ဆန်ဆိုတာ ကျွန်တော်တို့ကသာ တရားဝင်သွားတာ။ တရုတ်ဘက်ကတော့ ကျွန်တော်တို့ကို Quota အရပေးတာ နည်းတော့ ဒီအတိုင်း တရားဝင်သွားပို့ရင် သူ့ကို ပေးရမယ့် အခွန်ရာခိုင်နှုန်းက အရမ်းများတယ်။ အဲဒါကြောင့် ယူနန်ပြည်နယ်-ရွှေလီပေါ့။ တယ်ဟုန် ပြည်နယ်ခွဲနဲ့ ညှိပြီး ဆန်နဲ့ ပြောင်းပို့ဖို့ အဓိက လုပ်နေတာ။ တရားဝင်ပို့မယ် ဆိုရင်လည်း သူ့ရဲ့ သတ်မှတ်ထားတဲ့ အရည်အသွေးကို ကျွန်တော်တို့က မပို့နိုင်ဘူး၊ အခက်အခဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်