Top News

မြဝတီ – ကော့ကရိတ် ဒေါနတောင် လမ်းဟောင်းတွင် (၁၀) ဘီးကား ချောက်ထဲထိုးကျတိမ်းမှောက်ပြီး ယာဉ်မောင်း အမျိုးသား အသက်ဆုံးရှုံး
24htopnews | October 3, 2024 2:12 PM CST

ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် ဒေါနတောင် လမ်းဟောင်း ချောက်ကပါးနှင့် အလည်ဗိုလ်တဲကြားတွင် (၁၀) ဘီး ကုန်ကားတစ်စီး ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်မောင်း အမျိုးသား အသက်ဆုံးရှုံးခဲ့ရကြောင်း နယ်မြေခံ အလင်းသစ် Rescue Myawaddy မှ သိရသည်။

ယနေ့ အောက်တိုဘာ (၃)ရက် နံနက်ပိုင်းက အဆိုပါ လမ်းပိုင်းတွင် (၁၀) ဘီး ကုန်ကားတစ်စီး ပေ (၁၀၀) ခန့် အောက်ရှိ ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ်ပြီး ယာဉ်မောင်းမှာ ကားနှင့် ပိမိကာ နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“ကားနံပါတ် 4B – 4002 ကား Accident ဖြစ်ပြီး လမ်းဘေး က ပေ (၁၀၀) လောက်ရှိတဲ့ ချောက်ထဲသွားတာ။ ယာဉ် မောင်း အမျိုးသားကတော့ နေရာမှာတင် ပွဲချင်းပြီး ေ-သဆုံးသွားပါတယ်။ ကားမှာ ယာဉ်နောက်လိုက် မပါပါဘူး။ ေ- သဆုံးသူ ယာဉ်မောင်းနဲ့ ပတ်သက်တဲ့ ကားအုံနာနဲ့ မိသားစုသိစေဖို့ပါ”ဟု အလင်းသစ် Rescue Myawaddy က အသိပေးထားသည်။

အဆိုပါ ချောက်ထဲသို့ ထိုးကျသွားသည့် (၁၀) ဘီး ကုန်ကားကို ဆွဲမပြီးမှသာ ယာဉ်မောင်း၏ ရုပ်အလေ-ာင်းကို ထုတ်ယူရမည်ဖြစ်သောကြောင့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်း မိသားစု သိရှိစေရန် ၎င်းတို့ မျှဝေထားသည့် Post ကို ထပ်ဆင့် မျှဝေပေးခြင်းဖြင့် ကူညီပေးစေလိုကြောင်းလည်း အသင်းက မေတ္တာရပ်ခံထားသည်။


READ NEXT
Cancel OK