ကမ်းလွန်စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရာခိုင်နှုန်း ၅၀၊ တရုတ်နိုင်ငံသို့ ရာခိုင်နှုန်း ၂၀ တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုအတွက် ရာခိုင်နှုန်း ၃၀ ခန့် ရောင်းချမည်ဟု ခန့်မှန်းထားကြောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
ပြည်တွင်းသုံးအတွက် လျာထားချက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ၈၅ ဒသမ ၉ ရာခိုင်နှုန်း၊ CNG ထုတ်လုပ်ရေးအတွက် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရေးအတွက် လေးရာခိုင်နှုန်းနှင့် အခြားကဏ္ဍနှင့် လုပ်ငန်းသုံးများအတွက် ၄ ဒသမ ၈ ရာခိုင်နှုန်း သုံးစွဲလျက်ရှိသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေ၏ ရာခိုင်နှုန်း ၈၀ မှာ ကမ်းလွန်စီမံကိန်းမှ ရငွေများဖြစ်ပြီး စီမံကိန်းသစ်များမှ စီးပွားဖြစ်ထုတ်လုပ်နိုင်မှုအခြေအနေများ မရှိသေးကြောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
COVID-19 ကြောင့် ကမ္ဘာ့ရေနံစျေးနှုန်း ကျဆင်းမှုနှင့်အတူ လက်ရှိ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေသည့်ရတနာ၊ ရဲတံခွန်နှင့် ဇောတိကကမ်းလွန်စီမံကိန်းများမှ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသည့် သဘာဝဓာတ်ငွေ့ ခန့်မှန်းစျေးနှုန်းကို 1 MMBTU လျှင် ခြောက်ဒေါ်လာဖြင့်လည်း ကောင်း၊ တရုတ်နိုင်ငံသို့ ရောင်းချသည့် ရွှေကမ်းလွန်စီမံကိန်းအတွက် သဘာဝဓာတ်ငွေ့ခန့်မှန်းစျေးနှုန်းကို 1MMBTU လျှင် ၅ ဒသမ ၂၀ ဒေါ်လာဖြင့်လည်းကောင်း၊ ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၂၀ ဖြင့်လည်းကောင်း ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားအမျိုးအစားအလိုက် စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၂၃၆၆၃ ဒသမ ၁၆ ထုတ်လုပ်ထားပြီး သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၆၁၈ ဒသမ ၂၁ နှင့် ရေအားလျှပ်စစ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၃၅ ထုတ်လုပ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။
နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားအလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ် နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်