၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြည်တွင်း ဘဏ်များက ထုတ်ချေးထားသော ချေးငွေ ကျပ် ၂၉၆၉၅ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၁၅၂၅၇ ဘီလျံကျော်ရှိခဲ့ရာ လက်ရှိအစိုးရ သက်တမ်း ၄၅ လအတွင်း ဘဏ်ချေးငွေပမာဏ ကျပ် ၁၄၄၃၈ ဘီလျံ ကျော်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly financial Statistics Bulletin (2019 Volume IV) အရ သိရသည်။
၂၀၁၆ ခုနှစ် မတ်လတွင် နိုင်ငံပိုင် ဘဏ်များက ချေးငွေ ကျပ် ၂၉၀၀ ဘီလျံ ကျော် ထုတ်ချေးထားပြီး ပုဂ္ဂလိကဘဏ်များ က ချေးငွေ ကျပ် ၁၂၃၅၆ ဘီလျံကျော်ထုတ် ချေးထားခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင် ဘာတွင် နိုင်ငံပိုင်ဘဏ်များက ကျပ် ၅၂၇၀ ဘီလျံကျော်၊ ပုဂ္ဂလိကဘဏ်များက ကျပ် ၂၄၄၂၄ ဘီလျံကျော်ထုတ်ချေးထားခြင်းဖြစ် သည်။
၂၀၁၆ ခုနှစ် မတ်လစာရင်းများအရ နိုင်ငံပိုင်ဘဏ်များက ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၂၉၀၀ ဒသမ ၉၇၆ ဘီလျံရှိသည်။ ကဏ္ဍအလိုက်ထုတ်ချေးထား သော ချေးငွေပမာဏမှာ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၁၇၀၂ ဒသမ ၁၇၁ ဘီလျံ၊ ထုတ် လုပ်ရေးကဏ္ဍတွင် ကျပ် ၆၈ ဒသမ ၅၆၀ ဘီလျံ၊ ကုန်သွယ်ရေးကဏ္ဍတွင် ကျပ် ၂၁၄ ဒသမ ၂၇၆ ဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၁ ဒသမ ၂၄၂ ဘီလျံ၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၁၅၁ ဒသမ ၃၀၁ ဘီလျံ၊ ဝန် ဆောင်မှုကဏ္ဍတွင် ကျပ် ၁၁၄ ဒသမ ၀၆၆ ဘီလျံ၊ အထွေထွေကဏ္ဍတွင် ကျပ် ၆၃၈ ဒသမ ၄၇၂ ဘီလျံ၊ အိမ်ရာချေးငွေကဏ္ဍတွင် ကျပ် ၈၈၆ သန်တို့ဖြစ်သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာစာရင်းများအရ နိုင်ငံပိုင်ဘဏ်များမှ ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၅၂၇၀ ဒသမ ၆၉၀ ဘီလျံရှိသည်။ ကဏ္ဍအလိုက် ထုတ်ချေး ထားသော ချေးငွေပမာဏမှာ စိုက်ပျိုးရေး ကဏ္ဍတွင် ကျပ် ၃၆၉၈ ဒသမ ၃၁၅ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၇၅ ဒသမ ၆၈၁ ဘီလျံ၊ ကုန်သွယ်ရေးကဏ္ဍတွင် ကျပ် ၄၇၅ ဒသမ ၂၅၉ ဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၉ ဒသမ ၁၅၅ ဘီလျံ၊ ဆောက် လုပ်ရေးကဏ္ဍတွင် ကျပ် ၁၁၇ ဒသမ ၉၇၈ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၈၀ ဒသမ ၇၁၇ ဘီလျံ၊ အထွေထွေကဏ္ဍတွင် ကျပ် ၅၇၅ ဒသမ ၆၈၅ ဘီလျံ၊ အိမ်ရာချေးငွေ ကဏ္ဍတွင် ကျပ် ၆၂၆ ဒသမ ၀၂ သန်း၊ SME ချေးငွေကဏ္ဍတွင် ကျပ် ၂၇ ဒသမ ၂၇၂ ဘီ လျံတို့ဖြစ်သည်။
၂၀၁၆ ခုနှစ် မတ်လစာရင်းများအရ ပုဂ္ဂလိကဘဏ်များက ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၁၂၃၅၆ ဒသမ ၂၀၇ ဘီလျံရှိသည်။ ကဏ္ဍအလိုက် ထုတ်ချေး ထားသော ချေးငွေပမာဏမှာ စိုက်ပျိုးရေး ကဏ္ဍတွင် ကျပ် ၂၂၅ ဒသမ ၂၅၇ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၆၅၇ ဒသမ ၄၇၀ ဘီလျံ၊ ကုန်သွယ်ရေးကဏ္ဍတွင် ကျပ် ၄၈၄၂ ဒသမ ၉၅၄ ဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၆၁ ဒသမ ၄၈၅ ဘီလျံ၊ ဆောက် လုပ်ရေး ကဏ္ဍတွင် ကျပ် ၁၉၁၆ ဒသမ ၇၀၁ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၆၂၈ ဒသမ ၈၅၀ ဘီလျံ၊ အထွေထွေကဏ္ဍတွင် ကျပ် ၁၇၉၃ ဒသမ ၀၈၅ ဘီလျံ၊ အရစ်ကျ ဝယ်ယူမှုဆိုင်ရာချေးငွေတွင် ကျပ် ၁၂၈ ဒသ မ ၃၅၂ ဘီလျံ၊ အိမ်ရာချေးငွေကဏ္ဍတွင် ကျပ် ၂ ဒသမ ၀၅၂ ဘီလျံတို့ဖြစ်သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာစာရင်းများ အရ ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးထား သော ချေးငွေပမာဏ ကျပ် ၂၄၄၂၄ ဒသမ ၈၆၃ ဘီလျံရှိသည်။ ကဏ္ဍအလိုက် ထုတ် ချေးထားသော ချေးငွေပမာဏမှာ စိုက်ပျိုး ရေးကဏ္ဍတွင် ကျပ် ၄၆၂ ဒသမ ၀၃၄ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၈၉၀ ဒသမ ၈၉၄ ဘီလျံ၊ ကုန်သွယ်ရေးကဏ္ဍတွင် ကျပ် ၆၅၂၀ ဒသမ ၉ရဝဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၄၇၂ ဒသမ ၇၉၂ ဘီလျံ၊ ဆောက် လုပ်ရေးကဏ္ဍတွင် ကျပ် ၄၅၈၅ ဒသမ ၅၆၉ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၄၃၁၄ ဒသမ ၇၁၃ ဘီလျံ၊ အထွေထွေကဏ္ဍတွင် ကျပ် ၂၇၇၅ ဒသမ ၁၃၅ ဘီလျံ၊ အရစ်ကျ ဝယ်ယူမှုဆိုင်ရာချေးငွေတွင် ကျပ် ၉၁၀ ဒသ မ ၂၉၉ ဘီလျံ၊ အိမ်ရာချေးငွေကဏ္ဍတွင် ကျပ် ၂၆၉ ဒသမ ၇၉၅ ဘီလျံ၊ SME ချေးငွေ ၁၂၂၂ ဒသမ ၆၅၇ ဘီလျံတို့ဖြစ်သည်။
ပုဂ္ဂလိကဘဏ်များက တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ထုတ်ချေးထားသော ချေးငွေပမာဏများမှာ ရန်ကုန်တိုင်းဒေသ ကြီးတွင် ကျပ် ၁၉၅၁၉ ဒသမ ၀၂၅ ဘီလျံ၊ မန္တလေးတိုင်းဒေသကြီးတွင် ကျပ် ၂၇၉၆ ဒသမ ၀၇၉ ဘီလျံ၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ကျပ် ၂၇၂ ဒသမ ၀၇၀ ဘီလျံ၊ ပဲခူးတိုင်း ဒေသကြီးတွင် ကျပ် ၃၁၀ ဒသမ ၃၉၆ ဘီလျံ၊ မကွေးတိုင်းဒေသကြီးတွင် ကျပ် ၂၂၆ ဒသမ ၀၀၂ ဘီလျံ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ် ၁၇၂ ဒသမ ၂၅၃ဘီလျံ၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ကျပ် ၂၆၁ ဒသမ ၇၃၁ ဘီလျံ၊ မွန်ပြည်နယ်တွင် ကျပ် ၁၇၆ ဒသမ ၃၃၅ ဘီ လျံ၊ ရှမ်းပြည်နယ်တွင် ကျပ် ၄၇၉ ဒသမ ၉၃၆ ဘီလျံ၊ ကယားပြည်နယ်တွင် ကျပ် ၁၉ ဒသမ ၃၀၈ ဘီလျံ၊ ကရင်ပြည်နယ်တွင် ကျပ် ၁၁၂ ဒသမ ၇၅၅ ဘီလျံ၊ ရခိုင်ပြည်နယ်တွင် ၇၅ ဒသမ ၄၄၅ ဘီလျံ၊ ကချင်ပြည်နယ်တွင် ကျပ် ၆၆ ဒသမ ၈၃၀ ဘီလျံ၊ ချင်းပြည်နယ် တွင် ကျပ် ၅၆၄ ဒသမ ၆၅ သန်းဖြစ်သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်