Top News

အင်းလေးဒေသတွင် ရေမသန့်ရှင်းမှုကြောင့် ဖြစ်တတ်သည့် ဝမ်းပျက်ဝမ်းလျောခြင်းနှင့် ယားနာအချို့ ဖြစ်ပွားနေ
24htopnews | October 2, 2024 8:13 PM CST

ရှမ်း/တောင် အင်းလေးဒေသတွင် ရေကြီးရေလျံမှု ဖြစ်ပွားပြီးနောက် ရေမသန့်ရှင်းမှုများကြောင့် ဖြစ်တတ်သည့် ဝမ်းပျက်ဝမ်းလျောခြင်းနှင့် ယားနာ အချို့ဖြစ်ပွားနေကြောင်း ‌အင်းလေးဒေသသို့ ကျန်းမာရေးစောင့်ရှောက်မှုသွားရောက်ဆောင်ရွက်‌ခဲ့သူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဝမ်းပျက်ဝမ်းလျောခြင်းနှင့် ယားနာ ရောဂါဖြစ်ပွားမှုမှာ ရေဘေးသင့်ပြည်သူများ၏ (၂၀) ရာခိုင်နှုန်းအထိ သာရှိသေးသော်လည်း ကူးစက်တတ်သောရောဂါများဖြစ်သည့်အတွက် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ဂရုတစိုက်ကုသမှုများ ဆောင်ရွက်လျှက်ရှိသည်ဟု ဆိုသည်။

“အဓိက ရေကြောင့်ပေါ့။ ရေမသန့်လို့ ဖြစ်တဲ့ အခြေအနေတွေပါ။ ဝမ်းပျက်ဝမ်းလျောရော၊ ယားနာရောက ကူးစက်တတ်တာတွေဖြစ်တဲ့အတွက် ကျန်းမာရေးဌာနနဲ့ ဗော်လန်တီယာတွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ အလွန်အကျွံဖြစ်ပွားနေတာမျိုး မဟုတ်ပါဘူး။ အားလုံးအဆင်ပြေကြပါတယ် “ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ဝမ်းပျက်ဝမ်းလျောခြင်းအပါအဝင် ယားနာရောဂါအပြင် အအေးပတ် ချောင်းဆိုးရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။

အင်းလေဒေသ ရေကြီးရေလျှံမှုသည် အခြားဒေသများကဲ့ သို့ ရေချက်ချင်းပြန်ကျလေ့မရှိသည့်အတွက် ထောက်ပံ့မှုများပြုလုပ်ရာတွင် သောက်သုံးရေ၊ ဓာတ်ဆားထုပ်များ အကူအညီလိုအပ်ကြောင်း သိရသည်။


READ NEXT
Cancel OK