အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့ နေရာတစ်ခုကိုရရှိထားပြီဖြစ်တဲ့ သင်ဇာတ်ဝင့်ကျော်အနေနဲ့ အနုပညာလောကမှာ Sexy ကျတဲ့ ဖက်ရှင်တွေနဲ့အတူ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို သိမ်းပိုက်လာနိုင်ခဲ့သူပါ။ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို မကြည့်ရတာ ကြာပြီဖြစ်တဲ့ ပရိသတ်တွေအတွက် သြဂုတ် ၂၉ ရက်ကစပြီး ရုံတင်ပြသတော့မယ့် “အချစ်ဆုံး Crush” ဇာတ်ကားမှာ ပြန်လည်မြင်တွေ့ရမှာဖြစ်လို့ သင်ဇာဝင့်ကျော်နဲ့တွေ့ဆုံခိုက် ဇာတ်ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - အချစ်ဆုံး Crush ဇာတ်ကားလေး ရုံတင်တော့မယ်ဆိုတော့ သင်ဇာ့ရဲ့ ရင်ခုန်သံက ဘယ်လိုရှိလဲ။
ဖြေ - အဲဒီဇာတ်ကားလေးက ရိုက်ထားတာတော့ တော်တော်ကြာပါပြီ။ အဲဒီဇာတ်ကားထက် ရိုက်ထားတာပိုပြီးကြာတဲ့ ဇာတ်ကားတွေလည်းရှိသေးတယ်။ တချို့ဇာတ်ကားတွေက ထွက်မလာသေးတာပေါ့။ ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် မထွက်လာသေးတာထက်စာရင်တော့ ဒီဇာတ်ကားလေး ထွက်လာနိုင်တာ ရုံတင်လာနိုင်တာကို ဝမ်းသာပါတယ်။
မေး - အချစ်ဆုံး Crush ဇာတ်ကားထဲမှာ ဘယ်လိုဇာတ်ကောင်ပုံစံမျိုးနဲ့ ပါဝင်သရုပ်ဆောင်ထားလဲ။
ဖြေ - အဲဒီဇာတ်ကားထဲမှာက သင်ဇာက အရမ်းအမိုက်စားပေါ့။ ချမ်းသာတဲ့ သူဌေးသမီးကိုမှ ဆိုးတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်ကောင်စရိုက်နဲ့ ပါဝင်ထားပါတယ်။ နောက်ပြီး ကိုယ်က မြင့်မြတ်ကိုလိုက်ရတဲ့ပုံစံမျိုး သရုပ်ဆောင်ရတယ်။ အရင်တုန်းကလည်း ဒီလိုဇာတ်ရုပ်မျိုးက သရုပ်မဆောင်ဖူးသေးတော့ ကိုယ့်ကိုကြွေလာအောင် အကြည့်တွေ အပြောတွေကအစ သင်ဇာ သေချာလေးတော့ ကြိုးစားထားပါတယ်။
မေး - ဒီဇာတ်ကားမှာပါဝင်ထားတဲ့ သင်ဇာရဲ့ ဝတ်စားမှုနဲ့ပတ်သက်ပြီး ဆင်ဆာဖြတ်ခံတဲ့အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ - သင်ဇာ့အနေနဲ့ကတော့ ဒီဇာတ်ကားမှာ ကိုယ်ပါဝင်ရတဲ့ ဇာတ်ကောင်နဲ့လိုက်ဖက်မယ့် ဝတ်စားဆင်ယင်မှုမျိုးတွေနဲ့ ပါဝင်ခဲ့တာပါပဲ။ ဒါပေမဲ့ တချို့ဇာတ်ဝင်ခန်းတွေမှာ ဆင်ဆာဖြတ်ခံထိတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီဇာတ်ထဲက မိန်းမလေးလိုမျိုးက အပြင်မှာဆိုရင်လည်း ရင်အဟိုက်တွေ ဘောင်းဘီတိုတွေက ဝတ်နေကြတာပဲလေ။ ဝမ်းကွာတား ဘောင်းဘီဝတ်တယ်ဆိုတာကလည်း အရမ်းကြီး ထူးဆန်းတာမျိုးမဟုတ်တော့ဘူး။ နိုက်ကလပ် သွားတယ်ဆိုရင်လည်း ဘယ်သူမှ လုံလုံခြုံခြုံမသွား ကြဘူးလေ။ အားလုံးက မပေါ့်တပေါ်လေးတွေ ဝတ်သွားကြတာပါပဲ။ သင်ဇာ့အနေနဲ့လည်း ဒီဇာတ်ကားမှာ နိုက်ကလပ်သွားတဲ့ ဇာတ်ဝင်ခန်းမှာ ဝတ်ထားတဲ့ အဝတ်အစားကြောင့် ဇာတ်ဝင်ခန်းအချို့ ဆင်ဆာဖြတ်ခံခဲ့ရတယ်။ မင်းသမီးသုံးယောက်ပါတဲ့အထဲမှာ ကိုယ့်အခန်းတွေလျော့သွားတဲ့အတွက်တော့ စိတ်မကောင်းဘူးပေါ့။ အဲဒီလို ဖြတ်လိုက်တဲ့အတွက်လည်း ကိုယ့်ရဲ့ဇာတ်ကောင်ကို ပေါ်အောင်ကြိုးစားခဲ့တာတချို့ အရာမဝင်ဘူးဖြစ်သွားတာပေါ့။ သူတို့ဘက်ကတော့ လုပ်သင့်လုပ်ထိုက်တာ လုပ်တယ်လို့ပဲ ကိုယ့်ဘက်က ခံယူထားပါတယ်။ ဒါပေမဲ့လည်း ဆင်ဆာအနေနဲ့ ဒီလိုဝတ်တာချင်းအတူတူ သူများကိုလည်းဖြတ်တယ်။ ကိုယ့်ကိုလည်း ဖြတ်တယ်ဆိုရင် ကိစ္စမရှိဘူး။ ကိုယ့်ကိုပဲဖြတ်ခံထိတာဆိုရင်တော့ ဝမ်းနည်းမိမှာအမှန်ပါပဲ။ ဒီဇာတ်ကားအပေါ်မှာလည်း ကိုယ့်ဘက်က အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် ဒီလိုဆင်ဆာဖြတ်ခံထိတယ်ဆိုတော့ ဝမ်းနည်းမိတာပါပဲ။
မေး - အချစ်ဆုံး Crush ဇာတ်ကားထဲမှာအမှတ်တရ ဇာတ်ဝင်ခန်းဆိုရင် ဘယ်အခန်းဖြစ်မလဲ
ဖြေ - အမှတ်တရဇာတ်ဝင်ခန်းကတော့ ဆင်ဆာဖြတ်ခံရတဲ့အခန်းပေါ့။ ပရိုဂျူဆာ အန်တီမူပြောတာကတော့ တချို့ဇာတ်ဝင်ခန်းတွေက အဖြတ်ခံရတယ်။ တချို့ဇာတ်ဝင်ခန်းတွေကတော့ ၀ါးတာခံရတယ်ဆိုတော့ အဲဒါတွေက အမှတ်တရဖြစ်တာပေါ့။
မေး - နောက်ပိုင်းမှာရော အခုလိုမင်းသမီးအပြိုင်ဇာတ်တွေ ထပ်ပြီးရိုက်ကူးသွားဖို့ရှိလား။
ဖြေ - နောက်ပိုင်းမှာတော့ ဒီလိုမင်းသမီးအပြိုင်ဇာတ်မျိုးတွေ ထပ်မရိုက်တော့ဘူး။ ကိုယ်အဓိကဇာတ်ဆောင်ဆိုတဲ့ ဇာတ်မျိုးပဲရိုက်တော့မယ်။
မေး - အချစ်ဆုံး Crush ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုပြောချင်တဲ့စကားရှိရင်။
ဖြေ - သင်ဇာတို့ရဲ့ ဇာတ်ကားလေးအပါ်မှာ စိတ်ဝင်စားမှုရှိကြတဲ့အတွက် ဝမ်းသာပါတယ်။ ဒီဇာတ်ကားလေးမှာပါဝင်ထားကြတဲ့ အနုပညာရှင်တွေအားလုံးကလည်း ကြိုးကြိုးစားစားနဲ့ ပါဝင်ထားကြပါတယ်။ အချစ်ဇာတ်ကားကောင်းကောင်းလေး ကြည့်ချင်တဲ့ပရိသတ်တွေဆိုရင် ဒီဇာတ်ကားလေးကို လာကြည့်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
မေး - သင်ဇာ့ရဲ့ပရိသတ်တွေအတွက် နောက်ထပ်ရုံတင်မယ့်ဇာတ်ကားတွေ ဘာတွေရှိသေးလဲ။
ဖြေ - နောက်ထပ် ဒီထုတ်လုပ်ရေးနဲ့ပဲရိုက်ထားတဲ့ ဇာတ်ကားတွေရှိသေးတယ်။ သင်ဇာနဲ့အတူ ခါရာတို့ ရဲရင့်အောင်တို့ပါဝင်ထားတဲ့ ဇာတ်ကားလည်းရုံတင်ဖို့ရှိတယ်။ ဒါရိုက်တာကလည်း ကိုအောင်ဇော်လင်းပါပဲ။
မေး - ရေဘေးအတွက် ရန်ပုံငွေပွဲမှာပါဝင်ဖြစ်တဲ့အကြောင်းလေးလည်း ပြောပြပေးပါဦး။
ဖြေ - ရေဘေးကြုံခဲ့ရတဲ့သူတွေအတွက် တကယ်ကိုစိတ်မကောင်းဘူး။ ကိုယ်တွေတုန်းက အိမ်အောက်ထပ်ကလေး ရေဝင်တာတောင် တော်တော်ဒုက္ခရောက်ခဲ့တာမျိုးတွေလေ။ သူတို့မှာတော့ တစ်အိမ်လုံးရေတွေမြုပ်တယ်။ မြေတွေပြိုတယ်ဆိုတော့ တော်တော်ကိုဆိုးတဲ့ခံစားမှုတွေပါပဲ။ အရင်တုန်းက မကြုံခဲ့ရတဲ့ ဘေးအန္တရာယ်တွေ ဒီနေ့ခေတ်မှာကြုံလာကြတာတော့ အားလုံးကို ဘုရားတရား ပိုလုပ်စေချင်တယ်။ ဘယ်သူ့ကိုမှ ဒီလိုအဖြစ်တွေ မကြုံစေချင်ပါဘူး။ ဖြစ်နေတဲ့လူတွေဆီကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားမလှူနိုင်ပေမယ့် အလှူငွေထည့်ဝင်ဖြစ်တဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လုပ်အားအဖြစ် ပါဝင်ပေးဖြစ်တာပါ။ ဖြစ်နေတဲ့သူတွေကိုလည်း စိတ်ဓာတ်မကျဖို့ အားမငယ်ဖို့ အားပေးချင်ပါတယ်။ အားလုံးအတွက်လည်း သင်ဇာဆုတောင်းပေးပါတယ်။
မေး - သင်ဇာ့ရဲ့ပရိသတ်တွေအတွက် ပြောချင်တဲ့အမှတ်တရစကား။
ဖြေ - ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ကိုမြင်ရတာ အရမ်းကိုဝမ်းသာရပါတယ်။ တစ်ခါတစ်ခါမှာ ကိုယ့်ကို ၀ိုင်းပြီးဝေဖန်ပြောဆိုနေတဲ့စကားတွေကိုပဲ မြင်နေကြားနေရတာ ကိုယ့်အတွက်အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ အင်အားလျော့တာတွေရှိတယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုတကယ်ချစ်ပြီး အားပေးတဲ့ပရိသတ်တွေ FAN တွေနဲ့ ဆုံရတဲ့အခါ သူတို့ရဲ့ချစ်ခင်အားပေးမှုတွေက သင်ဇာ့ကိုအားတက်စေတယ်။ အဲဒီအတွက် ချစ်ခင်အားပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
-
၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ ကျင်းပ
-
ဇလွန်မြိုရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ တန်ဆောင်တိုင်ပွဲတော်၌ မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲနှင့် ရောင်စုံမီးအလှဆင်ပုံဖော်မှုများ ပါဝင်မည်
-
ဇူလိုင် ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၁၀၆ ပွိုင့်ဝန်းကျင်ရှိပြီး ပြင်ပစျေးကွက်တွင်မူ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၉၀ ဝန်းကျင်ရှိနေ
-
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်း
-
ဇူလိုင် ၂၈ ရက်တွင် ရွှေလုပ်ငန်းရှင်များအသင်းက ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၀၆၀၀၀၀ ဖြင့် စျေးပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၂၈၀၀၀၀ ဝန်းကျင်ရှိနေ