Top News

တေလာဆွစ်၏ Lover အယ်လ်ဘမ် တရုတ်တွင် စံချိန်သစ်တင်ခဲ့
24htopnews | September 28, 2024 10:12 AM CST

အမေရိကန်အဆိုတော် တေလာဆွစ်၏ အယ်လ်ဘမ်သစ် Lover သည် တရုတ်တွင် ဖြန့်ချိပြီး သီတင်းတစ်ပတ်အတွင်း အယ်လ်ဘမ်ချပ်ရေနှင့် အွန်လိုင်းရောင်းချမှု စုစုပေါင်း တစ်သန်းကျော်ရှိခဲ့ပြီး ရောင်းအားအကောင်းဆုံး နိုင်ငံတကာအယ်လ်ဘမ်အဖြစ် စံချိန်သစ်တင်ခဲ့သည်ဟု Universal Music Group က ထုတ်ပြန်ခဲ့သည်။

အွန်လိုင်းသီချင်းရောင်းချမှုကို မြှင့်တင်ရန် ဧရာမအင်တာနက်ကုမ္ပဏီ Tencent Holdings ကဲ့သို့သော တရုတ်မီဒီယာကုမ္ပဏီများက ကမ္ဘာ့ဂီတစျေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းခဲ့ပြီးနောက် ဆွစ်၏ အယ်လ်ဘမ်သည် တရုတ်တွင် တစ်ခဲနက် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။

ဆွစ်၏ Reputation အယ်လ်ဘမ်နှင့် 1989 အယ်လ်ဘမ်သည်လည်း တရုတ်တွင် ချပ်ရေတစ်သန်းကျော် ရောင်းချနိုင်သည့်စာရင်းတွင် ပါဝင်ခဲ့သည်။

သြဂုတ် ၂၃ ရက်တွင် ဖြန့်ချိခဲ့သည့် ဆွစ်၏ ခုနစ်ခုမြောက်အယ်လ်ဘမ် Lover သည် အမေရိကန်တွင် သီတင်းတစ်ပတ်အတွင်း ချပ်ရေ ၈၂၅,၀၀၀ မှ ၈၅၀,၀၀၀ အထိ ရောင်းချနိုင်လိမ့်မည် Billboard က ခန့်မှန်းထား သည်။ ယင်းအယ်လ်ဘမ်သည် ယခုနှစ်၏ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် ဖြစ်လာနိုင်သည်ဟုလည်း ခန့်မှန်းချက်များ ထွက်ရှိခဲ့သည်။

ယင်းအယ်လ်ဘမ်တွင်ပါဝင်သည့် သီချင်းအများစုသည် အချစ်ကိုဖော်ကျူးထားသည့် သီချင်းများဖြစ်သည်ဟု ဆွစ်က ဆိုသည်။ ဆွစ်သည် Reputation ကမ္ဘာ လှည့်ဖျော်ဖြေပွဲခရီးစဉ် အဆုံးသတ်ခဲ့ပြီး ကာလအတော်ကြာ ငြိမ်သက်နေခဲ့ပြီးနောက် ယခုနှစ်ဧပြီတွင် အယ်လ်ဘမ်သစ်၌ပါဝင်သည့် ME! သီချင်းဖြင့် လူမြင်ကွင်းရှေ့ ပြန် လည်ထွက်ပေါ်လာခဲ့သည်။

ဆွစ်သည် သြဂုတ် ၂၆ ရက်က ကျင်းပခဲ့သည့် MTV သီချင်းဗီဒီယို ဆုပေးပွဲတွင် အယ်လ်ဘမ်တွင်ပါဝင်သည့် သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။

အသက် ၁၄ နှစ်အရွယ်တွင် ကန်းထရီး အဆိုတော်တစ်ဦးအဖြစ် ဂီတလောကသို့ ဝင်ရောက်ခဲ့သည့် ဆွစ်သည် ဂီတသက်တမ်း ၁၅ နှစ်အတွင်း ထိပ်တန်းအဆိုတော်တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

အသက် ၂၉ နှစ်အရွယ် ဆွစ်သည် Forbes မဂ္ဂဇင်း၏ ၂၀၁၉ ခုနှစ် ဝင်ငွေအများ ဆုံးထင်ရှားကျော်ကြားသူစာရင်းတွင် နံပါတ် (၁) အဖြစ် ဖော်ပြခံခဲ့ရသည်။

ဆွစ်သည် ၂၀၁၆ ခုနှစ်တွင်လည်း 1989 အယ်လ်ဘမ်ရောင်းချရမှုနှင့် ကမ္ဘာလှည့်ဖျော် ဖြေပွဲခရီးစဉ်မှရရှိသည့်ဝင်ငွေများဖြင့် အဆိုပါ စာရင်း၏ နံပါတ် (၁) နေ၌ ဖော်ပြခံခဲ့ရသည်။

 


READ NEXT
Cancel OK