DC Comics ၏ ဇာတ်ကောင်ကို အခြေပြုရိုက်ကူးထားသည့် Joker ဇာတ်ကားကို ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ သြဂုတ် ၃၁ ရက်တွင် ပွဲဦးထွက် ပြသခဲ့သည်။ ယင်းဇာတ်ကားသည် ၇၆ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ရွှေခြင်္သေ့ဆုအတွက်လည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
ဒါရိုက်တာ တော့ဒ်ဖိလစ်ရိုက်ကူးသည့် ယင်းဇာတ်ကားတွင် ဟွာကင်းဖီးနစ်၊ရောဘတ်ဒီနီယို၊ Zazie Beetz နှင့် Frances Conroyတို့ ပါဝင်သရုပ်ဆောင်ထားသည်။
ယင်းဇာတ်ကားတွင် ဟွာကင်းဖီးနစ်က လူ့အဖွဲ့အစည်း၏ အရေးစိုက်ခြင်းမခံရသည့် အောင်မြင်မှု မရှိသော လူရွှင်တော်တစ်ဦးဘဝမှသည် ဂိုသမ်မြို့တွင် ပရမ်းပတာ အခြေအနေဖြစ်အောင်လုပ်ဆောင်ခဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူတစ်ဦး ဖြစ်လာခဲ့သည့် fhArthur Fleck / Joker ဇာတ်ကောင်အဖြစ် သရုပ် ဆောင်ထားသည်။ အသက် ၄၄ နှစ် အရွယ်ဖီးနစ်သည် ယင်းဇာတ် ကောင်အတွက် ပြင်ဆင်မှုအဖြစ် ကိုယ်အလေးချိန် ၅၂ ပေါင် လျှော့ချခဲ့ရသည်။ ယင်းဇာတ်ကားတွင် Joker ၏ ရယ်မောသံအတွက် ငိုခြင်း၊ ရယ်ခြင်းကို ထိန်းချုပ်မရနိုင် သည့်ရောဂါခံစားနေရသူများ၏ ဗီဒီယိုများကို ကြည့်ခဲ့ရပြီး လူသတ်သ မားခံစားချက်ကို သိရှိစေရန် နိုင်ငံရေးလုပ်ကြံမှုအကြောင်းရေးထား သည့်စာအုပ်ကို ဖတ်ခဲ့ရသည်ဟု ဖီးနစ်က ဆိုသည်။
ယင်းဇာတ်ကောင်အတွက် ၁၉၇၀ ပြည့်လွန်နှစ်များက ဖြန့်ချိခဲ့သည့် ဇာတ်ကားများထဲမှ ဇာတ်ကောင်များကို မှီငြမ်းခဲ့ရသည်ဟု The Hangover ဇာတ်ကားများဖြင့် အောင်မြင်မှုရရှိခဲ့သည့် ဒါရိုက်တာ တော့ဒ်ဖိလစ်က ပြော ကြားခဲ့သည်။
ဒေါ်လာ ၅၅ သန်း ကုန်ကျခံ ရိုက်ကူးခဲ့သည့် Joker ဇာတ်ကားသည် ၂၀၁၉ ခုနှစ်၏ အကောင်းဆုံး ဇာတ်ကား တစ်ကားဖြစ်ပြီး ဟွာကင်း ဖီးနစ်သည် အသည်းထိတ်လောက်အောင် သရုပ်ဆောင်ကောင်းသူတစ်ဦးဟု ရုပ်ရှင်ဝေဖန်သူများက ချီးမွမ်းခဲ့ကြသည်။
ယင်းဇာတ်ကားကို တိုရွန်တို ရုပ်ရှင်ပွဲတော်၌ စက်တင်ဘာ ၉ ရက်တွင် ပြသမည်ဖြစ်ပြီး အောက်တိုဘာ ၄ ရက်တွင် အမေရိကန်၌ ဖြန့်ချိ ရန် စီစဉ်ထားသည်။
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်
-
မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး ရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရေး အပါအဝင် အခြားကိစ္စရပ်များ မြန်မာ-တရုတ် ဆွေးနွေး
-
တားမြစ်ဆေးသုံးစွဲမှုကြောင့် ပြိုင်ပွဲဝင်ခွင့် (၄)နှစ်ပိတ်ပင်ခံရသည့် ရိုမေးနီးယားတင်းနစ်မယ် ဟာလက် CAS သို့ အယူခံဝင်မည်
-
ဆော်ဒီသို့ ပြောင်းရွှေ့ကစားရန် မစဉ်းစားကြောင်း ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး ပြောကြား
-
ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရမည့်နည်းပြအတွက် အလေးပေးမှုတွင် မန်ယူနည်းပြ တန်ဟက်ဂ် (၁၀း၁)လေးဖြင့် စတုတ္ထနေရာသို့ ရောက်ရှိလာ