ဂျက်စတင်ဘီဘာက ဆယ်ကျော်သက်များ၏ အသည်းကျော်အဆိုတော်တစ်ဦးမှသည် ကမ္ဘာတစ်ဝန်းတွင် လှောင်ပြောင်ဝေဖန်ခံရပြီး အမုန်းခံရဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာစဉ် ကြုံတွေ့ခဲ့ရသည့် ၎င်း၏ ကြီးမားသော ဘဝအခြေအနေ အတက်အကျအကြောင်း ကို Instagram တွင် ထုတ်ဖော်ပြောကြားခဲ့ သည်။ ကလေးဘဝ အောင်မြင်ကျော်ကြားစဉ်က စိတ်ဓာတ်ကျခြင်း၊ တာဝန်ယူမှုနည်းခြင်းများ ဖြစ်လာရန် အစပျိုးခဲ့ပြီး မူးယစ်ဆေး သုံးစွဲမှုနှင့် အမျိုးသမီးများကို လေးစားမှုမရှိသူတစ်ဦးဖြစ်လာစေခဲ့သည်ဟု ဘီဘာက Instagram တွင် ရေးသားခဲ့သည်။
မိတ်ဆွေများ၏ ၀ိုင်းဝန်းကူညီမှု၊ ၎င်း၏ ခရစ်ယာန်ဘာသာ သက်ဝင်ယုံကြည်မှုနှင့် ၎င်း၏ အိမ်ထောင်ဖက်တို့ကြောင့် ဘဝကို ပြောင်းလဲသွားရန် ပံ့ပိုးပေးခဲ့သည်ဟု အသက်၂၅ နှစ်အရွယ်ရှိ ဘီဘာက ပြောကြားခဲ့သည်။ ဘီဘာသည် မော်ဒယ်တစ်ဦးဖြစ်သည့် Hailey Baldwin နှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် လက်ထပ်ခဲ့သည်။
“ကျွန်တော့်ကို ချစ်တဲ့သူတိုင်းနဲ့ ကျွန်တော် ဝေးကွာလာခဲ့တယ်။ အသက် ၁၈ နှစ်အရွယ်မှာ လုံလောက်တဲ့ ကျွမ်းကျင်မှုမရှိဘူး။ ဒေါ်လာ သန်းနဲ့ချီရတယ်။ ကျွန်တော်လိုချင်တဲ့ ဘယ်အရာမဆို အခွင့်အလမ်းတွေ ရခဲ့တယ်။ အသက် ၁၉ နှစ်အရွယ်မှာ မူးယစ်ဆေးသုံးခဲ့တယ်။ ကျွန်တော်ရဲ့ အချစ်ရေးတွေကို အလွဲသုံးစား လုပ်ခဲ့တယ်” ဟု ဘီဘာက ရေးသားခဲ့သည်။
ဘီဘာသည် ၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းခဲ့မှုနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းပါးခြင်းကို ဖြေရှင်းရန်အတွက် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘီဘာသည် ဓာတ်ပုံဆရာတစ်ဦးကို ကားဖြင့် မတော်တဆတိုက်မိခြင်းအပါအဝင် ဖြစ်စဉ်များဖြစ်ပြီးနောက် ဖျော်ဖြေပွဲခရီးစဉ် ဖျက်သိမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဘီဘာသည် မိုင်ယာမီတွင် ကားပြိုင်မောင်းမှု၊ အိမ်နီးချင်း၏အိမ်ကို ကြက်ဥများဖြင့် ပစ်ပေါက်မှုတို့ ပါဝင်သည့် ဖြစ်စဉ်များအတွက် တရားရေးဆိုင်ရာ ပြဿနာများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
ဘီဘာ၏ ဆိုးရွားသည့် အပြုအမူများကြောင့် ၎င်းကို တရုတ်တွင် ဖျော်ဖြေခွင့်ပေးတော့မည်မဟုတ်ဟု တရုတ်အစိုးရက ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ အသက် ၂၀ မတိုင်မီ ဆိုးရွားသည့် ဆုံးဖြတ်ချက်များကြောင့် လူချစ်လူခင်အများဆုံး အနုပညာရှင်အဖြစ်မှ လှောင်ပြောင်ဝေဖန်ခံရပြီး လူမုန်းအများဆုံးသူတစ်ဦး ဖြစ်လာခဲ့သည်ဟု ဘီဘာက ပြောကြားခဲ့သည်။
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်