ကိုးကြိမ်မြောက်အဖြစ် ကျင်းပသည့် ဝဿန်ရုပ်ရှင်ပွဲတော်၏ ဖွင့်ပွဲအစီအစဉ်ကို စက်တင်ဘာ ၄ ရက်ညနေပိုင်းတွင် ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့ပြီး အဖွင့်ရုပ်ရှင် ဇာတ်ကားအဖြစ် “ပြာပြာညိုရောင်မှိုင်းတလဲ့လဲ့”ဇာတ်ကားအား ပြသခဲ့ကြောင်းသိရသည်။ ဝဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၄ ရက် မှ ၉ ရက်အထိပြုလုပ်လျက်ရှိကာ ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံ၊ ဂျပန်ဖောင်ဒေးရှင်းနှင့် Gorthe-Institut တို့တွင်ပြုလုပ်နေခြင်းဖြစ်သည်။ ဝဿန်ရုပ်ရှင်ပွဲတော်၏ဖွင့်ပွဲအစီအစဉ်သို့ ပြိုင်ပွဲဝင်ဇာတ်ကားများ၏ဒါရိုက်တာ များ၊ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“ဝဿန်ရုပ်ရှင်ပွဲတော်မှာ ကျွန်တော် ကိုယ်တိုင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူး သလို ဆုလည်းရခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် အနုပညာလမ်းကြောင်းပေါ်ကိုခြေလှမ်း တစ်ခုအနေနဲ့ရောက်လာတယ်လို့ပြောရမှာ ပေါ့။ လူငယ်အနုပညာရှင်တွေရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ လမ်း ကြောင်းတစ်ခုအနေနဲ့ရှိနေတဲ့ ဝဿန်ရုပ်ရှင် ပွဲတော်ကို ကျွန်တော်တို့ သူစိမ်းအိမ်အဖွဲ့က လာရောက်ဝန်းရံပေးတာပါ။ ဝဿန်ရုပ်ရှင် ပွဲတော်ဆက်လက်ချီတက်နိုင်ပြီး လူငယ်မျိုး ဆက်သစ်များစွာကို မွေးထုတ်ပေးနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်”ဟု ဝဿန်ရုပ်ရှင် ပွဲတော်တွင်ဆုရရှိခဲ့ဖူးသည့် ဒါရိုက်တာထူး ပိုင်ဇော်ဦးက ဆိုသည်။
စက်တင်ဘာ ၅ ရက် တွင် ဝဿန်ရုပ်ရှင် ပွဲတော်၌ S-Express အစီအစဉ်မှဇာတ်ကား များပြသခြင်း၊ ပြိုင်ပွဲဝင်ဇာတ်ကားများပြသခြင်း၊ Highlight Program အဖြစ်ရွေးချယ် ထားသည့် ဇာတ်ကားများပြသခြင်းတို့ ပြု လုပ်ခဲ့သည်။ What does animation ခေါင်း စဉ်ဖြင့် အင်နီမေးရှင်းဇာတ်ကားများ ပြသ ဆွေးနွေးခြင်းကိုပါ ဂျပန်ဖောင်ဒေးရှင်း၌ပြု လုပ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၆ ရက်တွင် S-Express ဇာတ်ကားများပြသခြင်း၊ ပြိုင်ပွဲဝင်ဇာတ် ကားများပြသခြင်း၊ Special Screening အစီ အစဉ်များဖြင့်ပြုလုပ်မည်ဖြစ်သည်။ စက်တင်ဘာ ရရက်နှင့် ၈ရက်များတွင်လည်းပြိုင် ပွဲဝင်ဇာတ်ကားများပြသခြင်း၊ ရုပ်ရှင်ဇာတ် ကားကြည့်ရှုကာ ဖန်တီးသူများနှင့် ဆွေးနွေး ခြင်းအပြင် ကမ္ဘာတစ်ဝန်းမှဇာတ်ကားတို များ ရွေးချယ်ပြသသည့်အစီအစဉ်ကိုပါ ပြု လုပ်မည်ဖြစ်သည်။
စက်တင်ဘာ ၉ ရက်ညနေ ၄ နာရီတွင် ရုပ်ရှင်ပွဲတော်၏ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲတို့ကို ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဇာတ်ကားများ ထဲမှ အကောင်းဆုံးလက်ရာများရွေးချယ်ကာ ဆုများ ပေးအပ်သွားမည်ဖြစ်သည်။
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်