၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းရိုင်ရှိ ဂူတစ်ခုထဲတွင် သီတင်းနှစ်ပတ်ကြာ ပိတ်မိနေသည့် လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြကို ကယ်ဆယ်မှုအကြောင်းကို Netflix က ဇာတ်လမ်းတွဲအဖြစ် မကြာမီ ရိုက်ကူးမည်ဟု ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယင်းဇာတ်လမ်းတွဲကို Crazy Rich Asians ဇာတ်ကား၏ ထုတ်လုပ်ရေးတွင် ပါဝင်သည့် SK Global Entertainment ကုမ္ပဏီက စီစဉ်ထုတ်လုပ်မည်ဟု အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ဝီရချွန်းဆူခွန်းဟာပါတီပက်က မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
ထိုဘောလုံးသမားများသည် ယင်းထုတ်လုပ်ရေးထံမှ ဘတ်သုံးသန်းစီရရှိနိုင်ခြေရှိကြောင်း၊ ယင်းငွေအချို့ကို ကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သည့် အဖွဲ့အစည်းများနှင့် ဖောင်ဒေးရှင်းများအား လှူဒါန်းသွားမည်ဖြစ်ကြောင်း ဝီရချွန်းက ပြောကြားခဲ့ သည်။
Wild Boars ဟု ခေါ်သည့် လူငယ်ဘောလုံးအသင်းနှင့် ၎င်းတို့၏နည်းပြသည် ၂၀၁၈ ခုနှစ် ဇွန် ၂၃ ရက်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ Tham Luang ဂူသို့ သွားရောက်စဉ် ရေကြီးလာသောကြောင့် ဂူထဲတွင် သီတင်းနှစ်ပတ်ကြာ ပိတ်မိနေခဲ့သည်။ မကြုံစဖူး ကယ်ဆယ်ရေးမစ်ရှင်တွင် ထိုင်းနှင့် ပြည်ပမှ ကျွမ်းကျင်ရေငုပ်သမားများ ပါဝင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ရေငုပ်သမားတစ်ဦး သေဆုံးခဲ့သည်။ ယင်းဘောလုံးအဖွဲ့၏ မူပိုင်ခွင့်ကို ဦးစီးကွပ်ကဲသည့် 13 Tham Luang ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ် Sirisak Kotpatcharinu “ကုမ္ပဏီရဲ့ ခွင့်ပြုချက်မရဘဲ ဘောလုံးသမားတွေနဲ့ နည်းပြကို သူတို့တွေရဲ့ အတွေ့အကြုံအကြောင်း တွေ့ဆုံမေးမြန်းမှုတွေ မလုပ်ခိုင်းတော့ဘူး” ဟု ပြောကြားခဲ့သည်။
“ဂူထဲမှာပိတ်မိနေတဲ့ လူငယ်တွေကို ကယ်ဆယ်တဲ့အကြောင်း ဇာတ်လမ်းတွဲအတွက် SKE Global နဲ့ 13 Tham Luang ကုမ္ပဏီတို့နဲ့ လက်တွဲလုပ်ဆောင်နေတယ်” ဟု Netflix ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။
Wild Boars လူငယ်ဘောလုံးအသင်းကို ကယ်ဆယ်သည့် စွန့်စားခန်းအကြောင်း ဇာတ်ကားအဖြစ် ရိုက်ကူးရန် အပြိုင်ကြိုးစားကြသည့် ဟောလိဝုဒ်ထုတ်လုပ်ရေးနှင့် ရုပ်ရှင်ကုမ္ပဏီများထဲတွင် Netflix လည်း ပါဝင်ခဲ့သည်။
ဂူထဲတွင် ပိတ်မိနေသည့် ကလေးများနှင့် ၎င်းတို့အား ကယ်ဆယ်မှုမှ အမေ့လျော့ခံ သူရဲကောင်းများအကြောင်းကို ထိုင်းဒါရိုက်တာ တွမ်ဝေါ်လာ ရိုက်ကူးထားသည့် The Cave ဇာတ်ကားကို ကယ်ဆယ်မှု နှစ်ပတ်လည်နေ့တွင် ဖြန့်ချိနိုုင်ရန် စီစဉ်ထားသည်။
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်