အဆိုတော်၊ သရုပ်ဆောင်ဂျနီဖာလိုပက်ဇ်နှင့် ဘေ့စ်ဘောကစားသမားဟောင်း အဲလက်စ်ရိုဒရီဂတ်စ်တို့က စေ့စပ်လိုက်ပြီဟု မတ် ၉ ရက် တွင်အတည်ပြုခဲ့သည်။ နေဝင်ဆည်းဆာတွင် လိုပက်ဇ်၏လက်ကို ရိုဒရီဂတ်စ်က ကိုင်ထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း ၎င်းတို့နှစ်ဦး၏ Instagram တွင် ဖော်ပြခဲ့သည်။ လိုပက်ဇ်သည် စေ့စပ်လက်စွပ်ကိုလည်း Instagram တွင် ဖော်ပြခဲ့သည်။
အသက် ၄၉ နှစ်အရွယ်ရှိ လိုပက်ဇ်နှင့် အသက် ၄၃ နှစ်အရွယ်ရှိ ရိုဒရီဂတ်စ်သည် ၂၀၁ရခုနှစ် ဖေဖေဝါရီ အစောပိုင်းက တွဲခဲ့ပြီး နှစ်နှစ်အကြာတွင် စေ့စပ်ခဲ့ခြင်းဖြစ်သည်။
NBC ရုပ်သံ၏ အကပြိုင်ပွဲအစီအစဉ်တွင် အကဲဖြတ်ဒိုင်နှင့် အမှုဆောင်ထုတ်လုပ်သူတစ်ဦးအဖြစ် ပါဝင်သည့် လိုပက်ဇ်သည် ယခုနှစ်အကုန်တွင် မြောက်အမေရိက ဖျော်ဖြေရေးခရီးစဉ် စတင်ရန် စီစဉ်ထားသည်။ လိုပက်ဇ်သည် ယခင်က အိမ်ထောင်သုံးကြိမ်ပြုခဲ့ဖူးပြီး နောက်ဆုံးအိမ်ထောင်ဖြစ်သည့် အဆိုတော် မက်အန်ထော်နီနှင့် အမြွှာကလေးရရှိခဲ့သည်။ ၎င်းသည် သရုပ်ဆောင် ဘင်အက်ဖ်လက်နှင့်လည်း တွဲခဲ့ဖူးသည်။
ရိုဒရီဂတ်စ်သည် New York Yankess အသင်းတွင် ကာလကြာ ကစားခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် တွင် Major League Baseball မှ အနားယူခဲ့သည်။ ရိုဒရီဂတ်စ်သည် ဘေ့စ်ဘော အားကစားသမား သက်တမ်း တစ်လျှောက်တွင် ဆုတံဆိပ်များစွာ ရရှိခဲ့သော်လည်း မူးယစ်ဆေးအသုံးပြုမှုကြောင့် ၎င်း၏ အောင်မြင်မှုများ မှေးမှိန်ခဲ့သည်။ ရိုဒရီဂတ်စ်သည် Cynthia Seurtis နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ လိုပက်ဇ်နှင့် ၎င်းတွင် တူညီသည့် နောက်ခံအကြောင်းများရှိကြောင်း၊ လိုပက်စ်၏ နောက်ဆုံးဖြန့်ချိခဲ့သည့် Second Art ဇာတ်ကားသည် ၎င်းတို့နှစ်ဦး၏ အချစ်ရေးကို ထပ်ဟပ်စေသည့် ဇာတ်ကားဖြစ်ကြောင်း ရိုဒရီဂတ်စ်က ပြောကြားခဲ့ဖူးသည်။
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်