The Four ဂီတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တေးသံရှင်ဂျူဝဲလ် နုတ်ထွက်တော့မည်ဖြစ်ကြောင်း ပရိသတ်များထံ အသိပေးထားပြီးနောက် နှုတ်ဆက်ပွဲအဖြစ် A Sunset Melody ဂီတဖျော်ဖြေပွဲအား ကျင်းပရန်စီ စဉ်ထားသည်ဟုသိရသည်။ ယင်းဖျော်ဖြေပွဲကို မတ် ၁၆ ရက်တွင် Yangon Sailing Club ၌ ကျင်းပမည်ဖြစ်ပြီး picnic mood ဖြင့် တင်ဆက်သွားရန် စီစဉ်ထားခြင်းဖြစ် သည်။ The Four အဖွဲ့သားများ၏ ထင်ရှားသည့် Cover Song များဖြင့် တင်ဆက်မည်ဖြစ်ကာ ပရိသတ်များထံ အသိပေးထားသည့်အတိုင်း ဖျော်ဖြေပွဲသို့ ပထမဆုံးရောက်ရှိလာသည့် ၁၃၀ ဦးအား The Four တံဆိပ်ပါ picnic blanket အား လက်ဆောင်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က ရှေ့ဆက်ပြီးတော့ The Four member အဖြစ်နဲ့ သီချင်းတွေ ဆိုဖြစ်တော့မှာ မဟုတ်ဘူးလို့ ပရိသတ်တွေကို အသိပေးချင်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော့်အနေနဲ့ တကယ်ကိုခက်ခဲစွာနဲ့ ချခဲ့ရပါတယ်။ The Four နဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ပျော်ရွှင်စရာတွေ၊ အမှတ်တရတွေ၊ သင်ယူရတာတွေ အများကြီးရှိတယ်။ အရမ်းခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ခဲ့ရတာပါ။ The Four မှာလည်း ရှေ့ဆက်သွားရမယ့် ရည်ရွယ်ချက်တွေရှိတယ်။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ Solo Career Life လေး ရှေ့ဆက်သွားဖို့ ရှိတယ်။ ကျွန်တော်နုတ်ထွက်ရခြင်းအကြောင်းကို ချစ်တဲ့သူတွေကို အသိပေးရခြင်း ဖြစ်ပါတယ်။ သတင်းကောင်းလေး ပြောချင်တာက ကျွန်တော်တို့လေးယောက်ဆုံပြီး Yangon Sailing Club မှာ ပွဲတစ်ပွဲ စီစဉ်ထားပါတယ်။ ဒီပွဲလေးက ချစ်ရတဲ့ ပရိသတ်တွေအားလုံးအတွက် အမှတ်တရဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့်ပရိသတ်တွေအားလုံး အတူတူဆုံဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု တေးသံရှင်ဂျူဝဲလ်က ဆိုသည်။
The Four အဖွဲ့၏ ဖျော်ဖြေပွဲလက်မှတ်များအား စတင်ရောင်းချလျက်ရှိကာ လက်မှတ်စျေးနှုန်း ကျပ်လေးသောင်း သတ်မှတ်ထားကြောင်း သိရသည်။ ပရိသတ် ၄၀၀ သာ သတ်မှတ်ထားပြီး ညနေ ၅ နာရီခွဲတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်