ဒစ္စနေ၏ Marvel စတူဒီယိုမှ ထုတ်လုပ်သည့် အမျိုးသမီးတစ်ဦး ဦးဆောင်သော ပထမဆုံးစူပါဟီးရိုးရုပ်ရှင် Captain Marvel သည် စတင်ပြသသည့် သီတင်းပတ်မှာပင် ပြည်တွင်း၌ဝင်ငွေဒေါ်လာ ၁၅၃ သန်း၊ နိုင်ငံတကာ၌ ဒေါ်လာ ၄၅၅ သန်းရရှိခဲ့သည်။
ထို့ကြောင့် Captain Marvel သည် နိုင်ငံတကာပြသရာ၌ ပွဲဦးထွက်ဝင်ငွေအကောင်းဆုံး ဆဋ္ဌမမြောက်ရုပ်ရှင်ဖြစ်လာခဲ့သလို စတင်ပြသသည့် သီတင်းပတ်အတွင်း ဝင်ငွေဒေါ်လာ ၂၀၂ သန်းရရှိခဲ့သည့် ယမန်နှစ်က Black Panther ဇာတ်ကားနောက်ပိုင်း Marvel အတွက် ပွဲဦးထွက်ပြည်တွင်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင်လည်း ဖြစ်လာခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် စတင်ပြသခဲ့သည့် Captain Marvel ကို အန်နာဘိုဒင်၊ ရိုင်ယန် ဖလိတ်တို့က ပူးတွဲရိုက်ကူးခြင်းဖြစ်သည်။ ထို့ကြောင့် Captain Marvel သည် အမျိုးသမီးတွဲဖက်ဒါရိုက်တာတစ်ဦး ပါဝင်သော နိုင်ငံတကာ၌အောင်မြင်သည့် ရုပ်ရှင်ကားသစ်တစ်ကားလည်း ဖြစ်လာခဲ့သည်။
Captain Marvel သည် ရုပ်ရှင်ဝေဖန်ရေးဝက်ဘ်ဆိုက် Rotten Tomatoes ၌ ၅၅ ရာခိုင်နှုန်းသာ ရရှိခဲ့သော်လည်း ရုပ်ရှင်ရုံမှ ကြည့်ပြီးပြန်ထွက်လာသော ပရိသတ်များကမူ ထိုရုပ်ရှင်ကို အလွန်နှစ်သက်ပြီး A အဆင့် ပေးထားကြသည်။
Captain Marvel သည် ဒစ္စနေအတွက် ယခုနှစ်၏ အားကောင်းသော အစပျိုးမှုတစ်ခုဖြစ်သည်။ ယခုနှစ်အတွင်း ထပ်မံထွက်ရှိလာမည့် ဒစ္စနေကားသစ်များဖြစ်သော Avengers း Endgame ၊ The Lion King ၊ Toy Story 4 ၊ Star War တို့သည်လည်း Captain Marvel ထက် ဝင်ငွေသာလွန်မည်မှာ သေချာသည့်ဇာတ်ကားများ ဖြစ်ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မြောက်အမေရိကဒေသ၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်းထဲမှ နံပါတ်နှစ်တွင်ရှိနေသည်မှာ Universal ၏ How to Train Your Dragon ဖြစ်ပြီး ဝင်ငွေဒေါ်လာ ၁၄.၇ သန်း ရရှိထားသည်။ အဆိုပါ အန်နီမေးရှင်းသည် ဝင်ငွေအကောင်းဆုံးစာရင်း၏ ထိပ်ဆုံးတွင် နှစ်ပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်။
တေလာပယ်ရီရိုက်ကူးသော A Madea Family Funeral သည် ဝင်ငွေဒေါ်လာ ၁၂.၁ သန်းရရှိကာ စာရင်း၏ တတိယနေရာတွင် ရှိနေသည်။
Warner Bros မှ ထုတ်လုပ်သော The Lego Movie 2 း The Second Part သည် ဝင်ငွေဒေါ်လာ ၃.၈ သန်းဖြင့် စတုတ္ထမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။
စာရင်း၏ ပဥ္စမနေရာတွင် ရှိနေသည်မှာ သိပ္ပံရုပ်ရှင် Alita း Battel Angel ဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၃.၂ သန်းရရှိခဲ့သည်။
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်