Top News

သရုပ်ဆောင် ခါရာနှင့် တွေ့ဆုံခြင်း
24htopnews | September 26, 2024 8:12 PM CST

မော်ဒယ်တစ်ဦးအဖြစ် အနုပညာ လျှောက်လမ်းပေါ်ကို စတင်တက်လှမ်းခဲ့ပြီး နိုင်ငံတကာ Mister ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူ ခါရာအနေနဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်လည်း ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှုကို ရယူနိုင်ခဲ့ပါတယ်။ သူပါဝင်သရုပ်ဆောင်ခဲဲ့တဲ့ မျက်နှာပြင်များ(Dimensions) ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှုကို ရရှိခဲ့သလို ‘ မနေ့ကဖြစ်သည်’ ဇာတ်လမ်းကလည်း သူ့ရဲ့သရုပ်ဆောင်မှုကို ပရိသတ်တွေပိုပြီး မှတ်မှတ်သားသားဖြစ်စေပြီး အားပေးမှုတွေပိုရစေခဲ့သူပါ။ မတ် ၁ ရက်မှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘ မြို့ပြမုဆိုးများ’ ဇာတ်ကားကြီးလည်း ရုံတင်တော့မှာဖြစ်လို့ ခါရာနဲ့တွေ့ဆုံခိုက် သူ့အနုပညာ လှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်   .  .  .

 

မေး - ‘ မြို့ပြမုဆိုးများ’ ဇာတ်ကားလေး ရိုက်ကူးဖြစ်တဲ့ အကြောင်းလေး အရင်သိပါရစေ။

ဖြေ -  ဒီဇာတ်ကားလေးက ပရိသတ်တွေကို အရမ်းပြချင်လို့ ကျွန်တော်တို့တွေကိုယ်တိုင် ပိုက်ဆံထုတ်ပြီး ရိုက်ကူးခဲ့တဲ့ဇာတ်ကားပါ။

မေး- ‘မြို့ပြမုဆိုးများ’ ဇာတ်ကားအတွက် ဘယ်လိုတွေ ပြင်ဆင်ကြိုးစားခဲ့ရလဲ။

ဖြေ - ဇာတ်ကားအတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း တစ်နှစ်လောက်အချိန်ယူ ပြင်ဆင်ခဲ့သလို ကျွန်တော်ပါဝင်ရမယ့်ဇာတ်ကောင်ရဲ့ လိုအပ်ချက်တွေပြည့်စုံဖို့ အတွက်လည်း ခန္ဓာကိုယ်ပုံစံကအစ ပြုပြင်ရတာ၊ လေ့ကျင့်ရတာတွေ အများကြီးလုပ်ခဲ့ရတယ်။ ဇာတ်ကောင်အတိုင်းလည်း လိုက်ပါစီးမျောနိုင်ဖို ့သေချာကြိုးစားခဲ့ပါတယ်။

မေး - ‘ မြို့ပြမုဆိုးများ’ ဇာတ်ကားမှာ ဇာတ်ကောင်ပုံစံရော ဖိုက်တင်ချတဲ့ဇာတ်ဝင်ခန်းတွေမှာပါ အရင် ဇာတ်ကားတွေထက် သိသိသာသာပြောင်းလဲလာတယ်နော်။ အဲဒီအတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့လဲသိပါရစေ

ဖြေ -  ပြောင်းလဲတယ်ဆိုတာကလည်း ဒီဇာတ်ကား မရိုက်ခင်မှာ ကြိုတင်ပြင်ဆင်မှု တွေအများကြီးလုပ်ခဲ့တဲ့အတွက်ပါ။ ဖိုက်တင်ခန်းတွေမှာ အကောင်းဆုံးဖြစ်စေဖို့အတွက် ဖိုက်တင်နည်းပြ ဆရာဆွိကနေပြီး ဇာတ်ကားမရိုက်ခင်သုံးလလောက်တည်းက ကြိုတင်လေ့ကျင့်မှုတွေ လုပ်ပေးခဲ့တာပါ။ ပြီးတော့ ပထမဇာတ်ကားဖြစ်တဲ့ Dimensions ဇာတ်ကားမှာ ကျွန်တော်က ခြေ ထောက်ကန်တာ အားနည်းတယ်လေ။ အဲဒီအတွက် ခြေထောက်ကန်တာနဲ့ပတ်သက်တဲ့ ပိုကောင်းလာဖို့ကို တိုက်ကွမ်ဒို အခြေခံအား ကစားသင်ခဲ့တယ်။ တိုက်ကွမ်ဒို  ကစားတာကိုလည်း ဇာတ်ကားမရိုက်ကူးခင်မှာပဲသုံးလလောက် အနီးကပ်လေ့ကျင့်တာတွေ ကစားတာတွေလုပ်ခဲ့ပါတယ်။ နောက်ပြီး ဇာတ်ကားမှာ ပါဝင်မယ့် ဇာတ်ဝင်ခန်းတွေအတွက် ဖိုက်တင်နည်းပြ ဆရာ ဆွိ ကလည်း တစ်ယောက်ချင်းဆို ဘယ်လိုတိုက်ကွက်တွေ သုံး မလဲ၊ နှစ်ယောက်နဲ့ဆို ဘယ်လို ချကွက်တွေ၊ သုံးယောက်နဲ့ဆိုဘယ်လို စသည်ဖြင့်သေချာ စိတ်ရှည်ရှည်နဲ့ သင်ပြပေးခဲ့သလို ကိုလူချောအဖွဲ့ကလည်း အများကြီး ကူညီပေးခဲ့ပါတယ်။ သူတို့တွေအားလုံးကြောင့် ဒီ ‘မြို့ပြ မုဆိုးများ’ ဇာတ်ကားမှာ အရသာရှိတဲ့ ကြည့်လို့ကောင်းတဲ့ ဖိုက်တင် ဇာတ်ဝင်ခန်းတွေ ဖြစ်ခဲ့တာပါ။ အဲဒီအတွက်လည်း သူတို့တွေကို ကျေးဇူးတင်ပါတယ်။

မေး -  မြို့ပြမုဆိုးများ ဇာတ်ကားမှာ ရန်ကုန်မှာ သေနတ်တွေပစ်ခတ်ကြတာ၊ ဘိန်းရှုတာ စတဲ့ဇာတ်ဝင်ခန်း တွေနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေရှိလာနိုင်တဲ့ အပေါ်မှာရော ဘာတွေကြိုပြောချင်တာရှိလဲ။

ဖြေ - ဝေဖန်တာကတော့ ဝေဖန်ပါဗျ။ တစ်ယောက်နဲ့ တစ်ယောက်က အမြင်ချင်းက တူမှာမှမဟုတ်တာ။ ကျွန်တော်တို့ကလည်း ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ပြထားလဲဆိုတာ လည်း တစ်မျိုးရှိသလို ဇာတ်လမ်းရဲ့ သဘောသဘာဝကလည်းတစ်မျိုးဖြစ်နေမှာလေ။ အဲဒီအတွက်လည်း ဇာတ်ကားမစခင်မှာတည်းက ဒီဇာတ်လမ်းဟာ ဒါရိုက်တာရဲ့ စိတ်ကူးယဉ်သက်သက်ပါလို့ စာတန်းထိုးထားပါတယ်။

မေး - အက်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ပါဝင်တဲ့ ဇာတ်ဝင်ခန်းအချို့နဲ့ပတ်သက်ပြီး ဆင်ဆာမှာရော ဘယ်လို အခြေအနေတွေရှိခဲ့လဲ။

ဖြေ - ဆင်ဆာလူကြီးတွေကို ကျေးဇူးအများကြီး တင်ရမှာပါ။ ဒီဇာတ်ကားမှာ ဆင်ဆာ မထိပါဘူး။ ဆင်ဆာလူကြီးတွေဘက်ကလည်း အခုနောက်ပိုင်းမှာ လျော့လျော့ပေါ့ပေါ့နဲ့ ကြည့်ပေးပါတယ်။

မေး - ‘ မြို့ပြမုဆိုးများ’ ဇာတ်ကားမှာ ၀ါရင့်သရုပ်ဆောင်ကြီးတွေနဲ့အတူတွဲသရုပ်ဆောင်ရတဲ့အခါ ညှိနှိုင်း တိုင်ပင်ရတာမျိုးတွေရှိလား။

ဖြေ -  အားလုံးက ကိုယ်ကျရာဇာတ်ကောင်ကို အကောင်းဆုံဖြစ်အောင် ကြိုးစားကြတယ် တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုကောင်းအောင် ဒါရိုက်တာကကြိုးစားတယ်။

မေး - ‘ မြို့ပြမုဆိုးများ’ များဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ -  ကျွန်တော်တို့တွေအားလုံးသေချာ အချိန်ယူပြီး ကြိုးစားထားတဲ့ဇာတ်ကားပါ။ ဒီ ဇာတ်ကားလေးက ပရိသတ်တွေကြည့်ရင်းနဲ့ ဇာတ်ကားရဲ့လှည့်ကွက်ကို စဉ်းစားရင်း သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်တစ်ခုချင်း စီအပေါ်မှာ ခံစားရင်းကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ကားဖြစ်စေမှာပါ။ လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

မေး - Dimensions (မျက်နှာပြင်များ) ဇာတ်ကား က အကယ်ဒမီ ၂၅ ကား စကာတင်စာရင်းမှာ ပါတဲ့အပေါ် ရင်ခုန်သံဘယ်လိုရှိလဲ။

ဖြေ -  အရင်နှစ်တွေထက်စာရင်တော့ ပိုပြီးတော့ရင်ခုန်ရပါတယ်။ ကျွန်တော့်အတွက်ကတော့ မမှန်းမပါဘူး။ ဒါပေမဲ့ အဲဒီဇာတ်ကားရဲ့ အသံပိုင်းဆိုင်ရာအတွက်တော့ ရင်ခုန်မိပါတယ်။ လူငယ်၊ လူသစ်တွေက သေချာကို ကြိုးစားထားပါတယ်။ နောက်ပြီး ကွန်ပျူတာ အထူးပြုလုပ်ချက်တွေကိုလည်း အားရပါတယ်။

မေး- ဆက်ပြီး ရိုက်ဖို့စီစဉ်ထားတဲ့ ဇာတ်ကားတွေရှိရင်လည်း သိပါရစေ။

ဖြေ -  လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝ ကို ပုံဖော်မယ့် ဇာတ်လမ်းတွဲတစ်ကား ရိုက်ကူးဖို့ရှိပါတယ်။ အဲဒီအတွက် လက်ဝှေ့သမားတစ်ယောက်ရဲ့ ပုံစံမျိုးပီပြင်အောင်ကြိုးစား ပြင်ဆင်နေပါတယ်။

မေး - ခါရာကို ပရိသတ်တွေက အက်ရှင်ဇာတ်ရုပ်မျိုးတွေနဲ့ပဲ ဆက်ပြီး မြင်တွေ့နေရမလား။

ဖြေ -  ကျွန်တော်က အက်ရှင်ဘက်ပိုင်းကို ပိုပြီးဝါသနာပါသလို ပရိသတ်တွေကို မတူညီတဲ့ ဇာတ်လမ်းတွေ မတူညီတဲ့ ရသမျိုးတွေ ပေးချင်တာကြောင့် ကြိုးစားဖြစ်တာပါ။

ဒါပေမဲ့ အချစ်ဇာတ်ကားလေးတွေ၊ ဒရမ်မာ ဇာတ်ကားလေးတွေ ရိုက်ထားတာရှိသလို ဆက်ပြီး ရိုက်ဖို့လည်းရှိပါတယ်။ ပရိသတ်တွေကို ကျွန်တော့်ကို ခါရာလို့မြင်ဖို့ထက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေအဖြစ်ပဲ မြင်စေချင်တာပါ။

မေး - ခါရာကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာရှိရင်။


READ NEXT
Cancel OK