တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်၏ Birthday Show အားယခုနှစ် တွင် ၁၅ ကြိမ်မြောက်အဖြစ် ခမ်းနားစွာကျင်းပမည်ဖြစ်ကာ အစီ အစဉ်အသေးစိတ်အား မတ် ၁၀ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။ ဧပြီ ၁၀ ရက်တွင် ကျရောက်သည့် မွေးနေ့ဂီတဖျော်ဖြေပွဲအား နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် ၁၅ ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ပြီး အမှတ်တရအဖြစ် ခမ်းနားစွာကျင်းပမည် ဖြစ်သည်။ စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဂီတဖျော်ဖြေပွဲကျင်းပမည့် နေရာအပါအဝင်အစီအစဉ် အသေးစိတ်အား မတ် ၁၀ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း ပြောကြားထားခြင်း ဖြစ်သည်။
“ကျွန်တော်အခုစပြီး ပြင်ဆင်နေပါပြီ။ သေချာပေါက်ပြောနိုင်တာက ဒီနှစ် Birthday Show လုပ်ပါမယ်။ Birthday Show ကျွန်တော်နှစ်စဉ်လုပ်လာတာ ဒီနှစ်က ၁၅ ကြိမ်ပြည့်ပါပြီ။ ၁၅ ကြိမ်ဆိုတာ ပြန်တွေးကြည့်ရင် တော်တော်လည်း ကြည်နူးတယ်။ ကျွန်တော်တို့လုပ်ခဲ့တာပေါ့။ ကျွန်တော်တို့ဆိုတာက ကျွန်တော်ရော၊ ကျွန်တော့်သူငယ်ချင်းတွေရော၊ ကျွန်တော့်ပရိသတ်တွေရော ၁၅ နှစ်တောင် ဖြတ်သန်းခဲ့ကြတာ။ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ စုဝေးပြီးရောက်လာစေချင်တယ်။ ဒီနှစ်ကကျွန်တော့်အတွက် အရေးကြီးပါတယ်။ Birthday Show ကိုပရိသတ်တွေ အားလုံးအတွက် အမိုက်စားတွေလုပ်ပါမယ်” ဟု တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။
စိုင်းစိုင်းခမ်းလှိုင်သည် ဧပြီ ၁၀ ရက်တွင် ကျရောက်သည့်မွေး နေ့ဂီတဖျော်ဖြေပွဲအား ၂၀၀၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ စိုင်းစိုင်းခမ်းလှိုင်နှင့်အတူ သူငယ်ချင်းများက ပါဝင်ပူးပေါင်းတင်ဆက်ခြင်း ဖြစ်သည်။ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ယင်းဂီတ ဖျော်ဖြေပွဲအား ရန်ကုန်နှင့်မန္တလေးမြို့များတွင် ပြုလုပ်ခဲ့ဖူးသည်။ Birthday Show တွင် အမှတ်တရအစီအစဉ်များစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်