Captain Marvel ရုပ်ရှင်ဇာတ်ကားကို မတ် ၈ ရက်မှစတင်ကာ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများအပါအဝင် မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ နိုင်ငံတကာနှင့်တစ်ပြေးညီ ရုံတင်ပြသထားသည်။
Captain Marvel ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြားတွင်လည်း မတ် ၈ ရက်မှစတင်ကာ ရုံတင်ပြသထားသည်။
၁၉၉၅ ခုနှစ်ဝန်းကျင်တွင် ဂြိုဟ်သားကမ္ဘာနှစ်ခုအကြား နဂါးငွေ့တန်းနှင့် ပတ်သက်သော ယှဉ်ပြိုင်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေခဲ့သည်။ အဆိုပါ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ကမ္ဘာကြီးသည် အဆိုပါဂြိုဟ်သားကမ္ဘာနှစ်ခုအကြားသို့ ရောက်ရှိသွားခဲ့သည်။
ထိုသို့နဂါးငွေ့တန်းတိုက်ပွဲ ဖြစ်ပွားနေသည့် ဂြိုဟ်သားကမ္ဘာနှစ်ခု၏ အလယ်ဗဟိုတည့်တည့်သို့ ကမ္ဘာကြီးရောက်ရှိနေချိန်တွင် အမေရိကန်လေတပ်မှ တိုက်လေယာဉ်မှူးဟောင်းတစ်ဦးဖြစ်သည့် Carol Danvers တစ်ယောက် နဂါးငွေ့တန်းကြယ်စု၏ အင်အားအကြီးမားဆုံး သူရဲကောင်းတစ်ဦးအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီးနောက် ဖြစ်ပေါ်လာသည်များကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားသည့် စိတ်ကူးယဉ် သိပ္ပံအက်ရှင်ဇာတ်ကား ဖြစ်သည်။
Captain Marvel ဇာတ်ကားကို ဒါရိုက်တာ Anna Boden နှင့် Ryan Fleck တို့က ရိုက်ကူးပြီး Brie Larson, Samuel L. Jackson, Ben Mendelsohn, Djimon Hounsou, Lee Peace, Lashanan Lynch တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ၂၊ မင်္ဂလာစံပြ၊ မင်္ဂလာ (ဂမုန်းပွင့်၊ စိန်ဂေဟာ၊ တာမွေ၊ မြောက်ဥက္ကလာ)၊ JCGV၊ ကန်သာယာ၊ Capital နှင့် မန္တလေးမင်္ဂလာ(ဒိုင်းမွန်း၊ စင်တာပွိုင့်)၊ JCGV ရုပ်ရှင်ရုံများအပြင် ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ၊ တောင်ငူမြို့ရှိ New 3D Cinema၊ မကွေးမြို့ရှိ မင်္ဂလာစံပြ၊ မော်လမြိုင်မြို့ရှိ JCGVနှင့် မုံရွာမြို့ရှိ မင်္ဂလာမြစန္ဒာ၊ Mingalar Ocean Cineplex ရုပ်ရှင်ရုံများတွင် မတ် ၈ ရက်မှစတင်ကာ တစ်ပြိုင်နက်တည်း ရုံတင်ထားသည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်