အိန္ဒိယရုပ်ရှင်ဇာတ်ကား LUKA CHUPPI ကို မတ် ၁၅ ရက်မှစတင်ကာ ရန်ကုန်နှင့် မော်လမြိုင်မြို့များရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသထားသည်။
ရုပ်သံသတင်းထောက်ဖြစ်သူ Shukla သည် ခေတ်ဆန်သည့်အတွေးအမြင်ရှိကာ ခေါင်းမာသည့် မိန်းမချောလေး Rashmi Trivedi ကိုချစ်မိခဲ့သည်။
Shuklaနှင့် Rashmi Trivedi တစ်ဦးအပေါ်တစ်ဦး မေတ္တာရှိသော်လည်း လက်ထပ်ရန်အတွက်မူ အချိန်ယူကာ တစ်ဦးအပေါ်တစ်ဦး စောင့်ကြည့်လေ့လာရန်အတွက် စည်းတစ်ခုထားကာ တစ်အိမ်တည်းအတူနေကြသည်ကို မိဘများက သူတို့နှစ်ဦး လက်ထပ်လိုက်သည်ဟု ထင်မှတ်ကာ ထိုအိမ်သို့ လာရောက်နေထိုင်ရာမှ ဖြစ်ပေါ်လာသည် များကိုရိုက်ကူးထားသည်။
LUKA CHUPPI ဇာတ်ကားကို ဒါရိုက်တာ Laxman Utekar က ရိုက်ကူးပြီး Karik Aayan, Kriti Sanon, Aparshatki Khurana တို့ပါဝင်ထားသည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ Junction City, Junction Square နှင့် Junction St.John တို့ရှိ JCGV၊ ရွှေဗဟို ရုပ်ရှင်ရုံများနှင့် မော်လမြိုင်မြို့ရှိ JCGV ရုပ်ရှင်ရုံများတွင် ပြသထားသည်။
-
လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
-
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို အလျင်အမြန် ရှာကြံရေးအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား
-
မိန်းကလေးငယ်များအား Facebook, TikTok များမှတစ်ဆင့် တရုတ်မယား ပြုလုပ်ရန် စည်းရုံးပြီး လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
-
NMSP (AD) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
-
ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်း