မြန်မာနိုင်ငံအောက်ပိုင်း၌ အထင်ကရ ပွဲတော်ကြီးတစ်ခုဖြစ်သည့် ပဲခူးရွှေမော်ဓော ဘုရားပွဲတော်ကြီးတွင် ဇာတ်သဘင်အဖွဲ့ကြီး သုံးဖွဲ့ ပါဝင်ကပြမည်ဟု သိရသည်။ အဆိုပါ ပွဲတော်၌ ဇာတ်သဘင်အဖွဲ့များ ပါဝင်ကပြ နိုင်ရန်အတွက် လေလံပွဲကို မတ် ၁၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပဲခူးရွှေမော်ဓောဘုရားပွဲတော်ကို ဧပြီ ၁၄ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ကာ ဟန်ဇာမိုး၊ အဂ္ဂါမိုးဝင်းနှင့် နေမိုးဝင်းတို့၏ 'မဟာရန်ကုန် စံပြသဘင်' ၊ ဖိုးချစ်ဇာတ်သဘင် အဖွဲ့နှင့် စွမ်းဇာနည်ဇာတ်သဘင်အဖွဲ့သုံးဖွဲ့ ပါဝင်ကပြမည်ဟု သိရသည်။
“ဒီနှစ် ပဲခူးရွှေမော်ဓောဘုရားပွဲမှာ ဇာတ်သဘင်အဖွဲ့ကြီး သုံးဖွဲ့ပါဝင်ကပြမှာပါ။ ဇာတ်ရုံက ငါးရုံရှိပေမဲ့ ဇာတ်ရုံလေးရုံပဲ ပါဝင်တာပါ။ ဇာတ်အဖွဲ့သုံးဖွဲ့နဲ့ မိုးကြိုးငှက်ငယ်တစ်ဖွဲ့တို့ ပါဝင်ကပြမှာပါ။ ဒီနှစ်ရွှေမော်ဓောပွဲတော်က သင်္ကြန်ကာလနဲ့လည်း တိုက်နေတာ ကြောင့် စွမ်းနဲ့ ဖိုးချစ် ဇာတ်သဘင်အဖွဲ့နှစ် ဖွဲ့ကတော့ သင်္ကြန်ပွဲတော်ရက်တွေမှာ မက ဖြစ်ဘူးလို့ သိရပါတယ်။ ကျွန်တော်တို့ မဟာရန်ကုန် စံပြသဘင်အဖွဲ့ကတော့ ပွဲတော်ကာလ ရက်တစ်လျှောက်ပါဝင်ပြဖြစ်မှာပါ။ ပွဲတော်ကို သင်္ကြန်ပွဲတော်ရက်နဲ့တိုက်နေတဲ့အတွက် ရက်ထပ်တိုးဖို့လည်း စီစဉ်နေကြပါတယ်။ ပွဲတော်ရက် ထပ်တိုးဖြစ်ခဲ့ရင်လည်း အဲဒီထပ်တိုးရက်တွေမှာပါ စံပြသဘင်က ပါဝင်ကပြဖြစ်မှာပါ။ စံပြသဘင်အနေနဲ့ ဖျော်ဖြေ တင်ဆက်မှုအပိုင်းမှာ အစီအစဉ်အသစ် တွေ ပါဝင်မှာဖြစ်သလို စံပြသဘင်အနေနဲ့ လည်း ဒီပွဲတော်မှာ ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း နဲ့ နေမိုးဝင်း ညီအစ်ကိုသုံးယောက်လုံး ပါဝင် တင်ဆက်ကြမှာပါ” ဟု မဟာရန်ကုန်စံပြ သဘင်၏ ကန်ထရိုက်တာ ကိုကျော်ဇေယျက ပြောကြားသည်။
-
လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
-
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို အလျင်အမြန် ရှာကြံရေးအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား
-
မိန်းကလေးငယ်များအား Facebook, TikTok များမှတစ်ဆင့် တရုတ်မယား ပြုလုပ်ရန် စည်းရုံးပြီး လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
-
NMSP (AD) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
-
ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်း