ယခုနှစ်သင်္ကြန်ကာလတွင် တေးသံရှင်ဇော်ဝင်းထွဋ်နှင့် အင်ပါယာတီးဝိုင်းတို့သည် ကိုယ်ပိုင်မဏ္ဍပ်ဆောက်၍ ဖျော်ဖြေရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ တေးသံရှင် ဇော်ဝင်းထွဋ်နှင့် အင်ပါယာတီးဝိုင်းတို့၏ ဖျော်ဖြေရေးမဏ္ဍပ်အား မင်းဓမ္မအိမ်ရာအနီးတွင်တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
“သင်္ကြန်ကတော့ဖျော်ဖြေရေးတွေနဲ့ပဲ ဖြတ်သန်းတာများတယ်။ အခုနှစ်ကတော့ ကိုယ်ပိုင်မဏ္ဍပ် ဆောက်ပြီးဖျော်ဖြေဖို့ စီစဉ်နေပါတယ်။ အဓိကတော့ အနုပညာရှင်တွေကို ကုန်ပစ္စည်းထုတ်လုပ်သူတွေက စျေးကြီးကြီးပေးငှားပြီး အဲဒီမဏ္ဍပ်တစ်ခုမှာ ဖျော်ဖြေစေတဲ့ ခေတ်တစ်ခေတ်ရှိတယ်လေ။ အနုပညာရှင်ဆိုတာက အဲဒီလိုဖျော်ဖြေရေးအပြင် ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဖျော်ဖြေတာမျိုးလည်းရှိသင့်တယ်လို့ ထင်တယ်။ ဒါကြောင့် ဒီနှစ်တော့ ကိုယ်ပိုင်မဏ္ဍပ်ဆောက်ပြီး ဖျော်ဖြေရေးလုပ်ဖို့ စီစဉ်နေတာပါ။
အသေးစိတ်ကတော့ ပြန်ပြောပါမယ်” ဟု တေးသံရှင် ဇော်ဝင်းထွဋ်က ဆိုသည်။
တေးသံရှင်ဇော်ဝင်းထွဋ်နှင့် အင်ပါယာတီးဝိုင်းတို့၏ ဖျော်ဖြေရေး မဏ္ဍပ်အစီအစဉ်အား သင်္ကြန်ကာလနီးကပ်မှသာ အသိပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ယင်းဖျော်ဖြေရေးမဏ္ဍပ်တွင် အခြားသော တေးသံရှင်များလည်းပါဝင်ဖျော်ဖြေရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။
သင်္ကြန်ကာလအတွက် အနုပညာရှင်များအနေဖြင့် ဖျော်ဖြေရေး အစီအစဉ်များအားစီစဉ်လျက်ရှိရာ၌ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ပြုလုပ်မည့်မဏ္ဍပ်ကြီးများ၌ ပါဝင်တင်ဆက်ရန်စီစဉ်ထားခြင်း ဖြစ်သည်။ ဖျော်ဖြေရေးအစီအစဉ်များအား သင်္ကြန်ကာလနီးကပ်ချိန်တွင် အနုပညာရှင်များက အသိပေးကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
-
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို အလျင်အမြန် ရှာကြံရေးအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား
-
မိန်းကလေးငယ်များအား Facebook, TikTok များမှတစ်ဆင့် တရုတ်မယား ပြုလုပ်ရန် စည်းရုံးပြီး လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
-
NMSP (AD) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
-
ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်း