တေးသံရှင် စည်သူလွင်၊ မီးမီးခဲနှင့် ဂျူဝဲလ်တို့ပါဝင်ဖျော်ဖြေမည့် Live Concert Sydney ဂီတဖျော်ဖြေပွဲအား မတ် ၂၃ ရက် တွင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲအား သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ပြုလုပ်မည်ဖြစ်ကာ Pioneer Theatre ၌ ညနေ ၆နာရီအချိန်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“ဂျူဝဲလ်အခုကတော့ ဖျော်ဖြေရေးတွေ ဆက်တိုက်ရှိနေပါတယ်။ ပြည်ပဖျော်ဖြေရေးတွေလည်း အများကြီးရှိနေတယ်။ ပြည်တွင်းမှာလည်း ဖျော်ဖြေရေးတွေရှိပါတယ်။ သင်္ကြန်အထိကတော့ ဖျော်ဖြေရေးတွေ ဆက်တိုက်ရှိနေမှာပါ။ လောလောဆယ်တော့ သြစတြေးလျနိုင်ငံဆစ်ဒနီမှာလုပ်မယ့် ဂီတဖျော်ဖြေပွဲမှာပါဝင်သီဆိုပါမယ်။ ညီမရယ်၊ ကိုစည်သူလွင်ရယ်၊ မမီးမီးခဲရယ် ပါဝင်မှာပါ။ ညီမတို့ဂီတမောင်နှမတွေက သီချင်းတွေအများကြီးနဲ့ ဖျော်ဖြေကြဖို့စီစဉ်ထားပါတယ်။ သြစတြေးလျခရီးစဉ်ကတော့ ပထမဆုံးသွားရမှာပါ။ ပျော်လည်းပျော်တယ်။ ရင်လည်းခုန်ပါတယ်။ အဲဒီကပရိသတ် တွေနဲ့တွေ့ဆုံရမှာလည်းဖြစ်တော့ ပိုပြီးစိတ်လှုပ်ရှားပါတယ်။ အဲဒီပွဲလေးမှာ အကောင်းဆုံးကြိုးစားဖျော်ဖြေပါမယ်။ လာရောက်အားပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု တေးသံရှင်ဂျူဝဲလ်က ဆိုသည်။
တေးသံရှင်စည်သူလွင်ကလည်း “အစ်ကို အခုကတော့ ပွဲလေးတွေလက်ခံထားတာ ရှိပါတယ်။ ပြည်ပပွဲအနေနဲ့ သြစတြေးလျမှာဆိုဖို့ရှိတယ်။ ဆစ်ဒနီမှာပါ။ ကျွန်တော်ရယ်၊ မီးမီးခဲရယ်၊ ညီမလေးဂျူဝဲလ်ရယ်ပါ။ ပြည်ပကပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံဖျော်ဖြေခွင့်ရမယ့်ပွဲလည်းဖြစ်တာကြောင့် ပျော်ပါတယ်။ အဲဒီကပရိသတ်တွေကိုလည်း လာပြီးအားပေးကြဖို့ ဖိတ်ပါတယ်။ မကြာခင်လည်း သင်္ကြန်ရောက်တော့မှာဆိုတော့ သင်္ကြန်သီချင်းလေးတွေလည်း ဖျော်ဖြေပေးဖို့ စိတ်ကူးထားပါတယ်” ဟုဆိုသည်။
ဆစ်ဒနီမြို့တွင် ပြုလုပ်မည့်ဂီတဖျော်ဖြေပွဲအား နွေဦးကဗျာတေးသံသာဟု အမည်ပေးထားကာ မြန်မာသင်္ကြန်အကြိုအမှတ် တရဂီတဖျော်ဖြေပွဲအဖြစ် တင်ဆက်မည်ဖြစ်သည်။ ဖျော်ဖြေပွဲတွင်ပါဝင်ရန်အတွက် တေးသံရှင်များသည် သြစတြေးလျနိုင်ငံသို့ ယခုရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲတွင်တေးသံရှင်များက ပရိသတ်များနှင့်အမှတ်တရရှိသည့် တေးသီချင်းများဖြင့် ဖျော်ဖြေမည်ဖြစ်သည်။
-
လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
-
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို အလျင်အမြန် ရှာကြံရေးအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား
-
မိန်းကလေးငယ်များအား Facebook, TikTok များမှတစ်ဆင့် တရုတ်မယား ပြုလုပ်ရန် စည်းရုံးပြီး လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
-
NMSP (AD) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
-
ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်း