သရီးဒီအန်နီမေးရှင်းဇာတ်ကား Wonder Park ကို မတ် ၂၂ ရက်မှစတင်ကာ ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်၊ ပဲခူးနှင့် မုံရွာမြို့များရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသထားသည်။
အဆိုပါ Wonder Park အန်နီမေးရှင်းရုပ်ရှင်ကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ မတ် ၁၅ ရက်မှစတင်ကာ ရုံတင်ပြသခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ရုံတင်ပြသမှုမှရရှိသည့် ဝင်ငွေသည့် မတ် ၁၉ ရက်အထိ ဒေါ်လာ ၁၈ သန်းကျော် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Cameron June သည် စိတ်ကူးစိတ်သန်းကောင်းကာ ဉာဏ်ထက်မြက်သည့် ၁၀ နှစ်အရွယ် ကောင်မလေးဖြစ်သည်။ သူ၏ ငယ်စဉ်ဘဝတစ်လျှောက်လုံးတွင် စိတ်ကူးယဉ်လောကဟု အမည်ပေးထားသည့် Wonderland ကို စကားပြောတတ်သည့် တိရစ္ဆာန်လေးများ၊ ချားရဟတ်များ၊ မိုးပျံရထားများ ပါဝင်သည့် အပန်းဖြေဥယျာဉ်တစ်ခုအဖြစ် သူ၏မိခင်၊ သူငယ်ချင်းများနှင့်အတူ တည်ဆောက်နေခဲ့သူဖြစ်သည်။
သို့သော် မိခင်ကွယ်လွန်ပြီး တဖြည်းဖြည်း အရွယ်ရောက်လာသည့် Cameron June တွင် ငယ်စဉ်ကရှိခဲ့သည့် စိတ်ကူးစိတ်သန်းများနှင့် ထက်မြက်မှုများလည်း ပျောက်ကွယ်သွားခဲ့သည်။ Cameron June ၏ ပျောက်ဆုံးသွားခဲ့သည့် စိတ်ကူးများသည် နွေရာသီသချင်္ာဘာသာစခန်းသွင်းလေ့ကျင့် ရေးကာလတွင် ပြန်လည်ပေါ်ပေါက်လာပြီးနောက် ဖြစ်ပေါ်လာသည်များကို ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်ကားဖြစ်သည်။
Wonder Park အန်နီမေးရှင်းရုပ်ရှင်ကို ဒါရိုက်တာ David Feiss, Clare Kilner နှင့် Robert Iscove တို့ရိုက်ကူးပြီး Drianna Denski, Kenan Thompson, Ken Jeong, Kila Knuis တို့က အသံဖြင့်ပါဝင် သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ၃၊ မင်္ဂလာစံပြ၊ မင်္ဂလာ (ဂမုန်းပွင့်၊ တာမွေ)၊ Junction City JCGV နှင့် မန္တလေးရှိ မင်္ဂလာဒိုင်းမွန်း၊ JCGV ရုံများနှင့်အတူ ပြည်၊ ပဲခူးနှင့် မုံရွာမြို့များရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်တည်း ရုံတင်ပြသထားသည်။
-
■ ထိုင်း- မြန်မာနယ်စပ်ရှိ မြန်မာဘက်ခြမ်း ဘုရားသုံးဆူမြို့သို့ သွားရောက်ကြမည့် လူဆိုးဂိုဏ်းဝင်ဟု ယူဆရသူ ၂၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး
-
မည်သည့်အောင်မြင်မှုမျှ မရသေးကြောင်း ဒါဝင်နူးနက်ဇ် သတိပေး
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်
-
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပွဲကြိုသုံးသပ်ချက်
-
■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်