Top News

၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ဘဏ်များမှ ထုတ်ချေးထားသော ချေးငွေ ကျပ် ၂၆၆၇၀ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင်  ကျပ် ၁၅၂၅၇ ဘီလျံကျော်ရှိခဲ့ရာ လက်ရှိအစိုးရ သက်တမ်း ၃၃ လအတွင်း ဘဏ်ချေးငွေပမာဏ ကျပ် ၁၁၄၁၃ ဘီလျံကျော် မြင့်တက်
24htopnews | September 23, 2024 5:12 PM CST

၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ဘဏ်များမှ ထုတ်ချေးထားသော ချေးငွေ ကျပ် ၂၆၆၇၀ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၁၅၂၅၇ ဘီလျံကျော်ရှိခဲ့ရာ လက်ရှိအစိုးရ သက်တမ်း ၃၃ လအတွင်း ဘဏ်ချေးငွေ ပမာဏ ကျပ် ၁၁၄၁၃ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume IV) အရ သိရသည်။

၂၀၁၆ ခုနှစ် မတ်လတွင် နိုင်ငံပိုင်ဘဏ်များမှ ချေးငွေ ကျပ် ၂၉၀၀ ဘီလျံကျော် ထုတ်ချေးထားပြီး ပုဂ္ဂလိကဘဏ်များမှ ချေးငွေ ကျပ် ၁၂၃၅၆ ဘီလျံကျော် ထုတ်ချေးထားခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် နိုင်ငံပိုင်ဘဏ်များမှ ချေးငွေ ကျပ် ၄၇၃၁ ဘီလျံကျော် ထုတ်ချေးထားပြီး ပုဂ္ဂလိက ဘဏ်များမှ ချေးငွေ ၂၁၉၃၉ ဘီလျံကျော် ထုတ်ချေးထားခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လ စာရင်းများအရ နိုင်ငံပိုင်ဘဏ်များမှ ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၂၉၀၀ ဒသမ ၉၇၆ ဘီလျံ ရှိသည်။ ကဏ္ဍအလိုက် ထုတ်ချေးထားသော ချေးငွေပမာဏမှာ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၁၇၀၂ ဒသမ ၁၇၁ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၆၈ ဒသမ ၅၆၀ ဘီလျံ၊ ကုန်သွယ်ရေးကဏ္ဍတွင် ကျပ် ၂၁၄ ဒသမ ၂၇၆ ဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၁ ဒသမ ၂၄၂ ဘီလျံ၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၅၁ ဒသမ ၃၀၁ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၁၄ ဒသမ ၀၆၆ ဘီလျံ၊ အထွေထွေကဏ္ဍတွင် ကျပ် ၆၃၈ ဒသမ ၄၇၂  ဘီလျံ၊ အိမ်ရာချေးငွေကဏ္ဍတွင် ကျပ် ၈၈၆ သန်း တို့ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ စာရင်းများအရ နိုင်ငံပိုင်ဘဏ်များမှ ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၄၇၃၁ ဒသမ ၈၃၈ ဘီလျံရှိသည်။ ကဏ္ဍအလိုက် ထုတ်ချေးထားသော ချေးငွေပမာဏမှာ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၃၃၈၅ ဒသမ ၉၁၇ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၆၂ ဒသမ ၈၀၅ ဘီလျံ၊ ကုန်သွယ်ရေး ကဏ္ဍတွင် ကျပ် ၄၃၃ ဒသမ ၃၈၉ ဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၈ ဒသမ ၇၈၃ ဘီလျံ၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၃၃ ဒသမ ၇၁၈ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၆၂ ဒသမ ၇၆၃ ဘီလျံ၊ အထွေထွေကဏ္ဍတွင် ကျပ် ၄၂၁ ဒသမ ၉၅၂ ဘီလျံ၊ အိမ်ရာချေးငွေကဏ္ဍတွင် ကျပ် ၆၇၈ ဒသမ ၄၅ သန်း၊ SME ချေးငွေ ကဏ္ဍတွင် ၁၂  ဒသမ  ၅၄၅ ဘီလျံတို့ ဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လစာရင်းများအရ ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၁၂၃၅၆ ဒသမ ၂၀၇ ဘီလျံရှိသည်။ ကဏ္ဍအလိုက် ထုတ်ချေးထားသော ချေးငွေပမာဏမှာ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၂၂၅ ဒသမ ၂၅၇ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၆၅၇ ဒသမ ၄၇၀ ဘီလျံ၊ ကုန်သွယ်ရေးကဏ္ဍတွင် ကျပ် ၄၈၄၂ ဒသမ ၉၅၄ ဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၆၁ ဒသမ ၄၈၅ ဘီလျံ၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၉၁၆ ဒသမ ၇၀၁ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၆၂၈ ဒသမ ၈၅၀ ဘီလျံ၊ အထွေထွေကဏ္ဍတွင် ကျပ် ၁၇၉၃ ဒသမ ၀၈၅ ဘီလျံ၊ အရစ်ကျဝယ်ယူမှုဆိုင်ရာ ချေးငွေတွင် ကျပ် ၁၂၈ ဒသ မ ၃၅၂ ဘီလျံ၊ အိမ်ရာချေးငွေကဏ္ဍတွင် ကျပ် ၂ ဒသမ ၀၅၂ ဘီလျံ တို့ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ စာရင်းများအရ ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၂၁၉၃၉ ဒသမ ၀၀၀ ဘီလျံရှိသည်။ ကဏ္ဍအလိုက် ထုတ်ချေးထားသော ချေးငွေပမာဏမှာ စိုက်ပျိုးရေး ကဏ္ဍတွင် ကျပ် ၄၆၈ ဒသမ ၁၄၉ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၈၂၅ ဒသမ ၈၂၅ ဘီလျံ၊ ကုန်သွယ်ရေးကဏ္ဍတွင် ကျပ် ၆၄၃၉ ဒသမ ၁၉၂ ဘီလျံ၊ ပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၅၀၄ ဒသမ ၈၀၇ ဘီလျံ၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၃၉၆၇ ဒသမ ၃၀၂ ဘီလျံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၃၃၄၈ ဒသမ ၉၂၅ ဘီလျံ၊ အထွေထွေကဏ္ဍတွင် ကျပ် ၂၈၀၅ ဒသမ ၈၅၅ ဘီလျံ၊ အရစ်ကျ ဝယ်ယူမှုဆိုင်ရာ ချေးငွေတွင် ကျပ် ၄၆၈ ဒသ မ ၂၄၆ ဘီလျံ၊ အိမ်ရာချေးငွေကဏ္ဍတွင် ကျပ် ၈၄ ဒသမ ၆၂၁ သန်း၊ SME ချေးငွေ ကဏ္ဍတွင် ၁၀၂၆ ဒသမ ၀၇၅ ဘီလျံတို့ဖြစ် သည်။

 

 


READ NEXT
Cancel OK