Top News

အသင်းကို စီရော်နယ်လ်ဒို ထိန်းချုပ်နေခြင်းမရှိဟု အယ်လ်နာဆာအမှုဆောင်ချုပ် ပြောကြား
24htopnews | September 20, 2024 4:12 PM CST

အယ်လ်နာဆာအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဂွီဒိုဖီယန်ဂါက အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အသင်းကို ထိန်းချုပ်နေခြင်းမရှိဟု ပြောကြားခဲ့သည်။

အယ်လ်နာဆာအသင်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပေါ်တူဂီနည်းပြ လူးဝစ်ကတ်စထရိုကို ရာထူးမှ ထုတ်ပယ်ပြီး အီတလီနည်းပြ ပီအိုလီကို အစားထိုးခန့်အပ်ခဲ့သည်။

အဆိုပါအပြောင်းအလဲမှာ စီရော်နယ်လ်ဒို၏ သဘောထားအပေါ် မူတည်နေကြောင်း သုံးသပ်မှုများ ထွက်ပေါ်လာသည့်အတွက် ဖီယန်ဂါက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''စီရော်နယ်လ်ဒိုက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီးတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ကမ္ဘာ့နံပါတ်(၁) ဖြစ်နေရင်တောင် အသင်းကို ထိန်းချုပ်နေခြင်းမရှိပါဘူး။ သူက ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေဆီ ရောက်ရှိအောင် ညွှန်ပြပေးသူသာ ဖြစ်ပါတယ်။ သူက အောင်နိုင်သူတစ်ယောက်ဖြစ်ပြီး ဘယ်လို အနိုင်ယူရမလဲဆိုတာ သူ့ဆီကနေ ကျွန်တော်တို့ သင်ယူရပါတယ်''ဟု ဖီယန်ဂါက ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်း၏ ကစားသမားသစ် ခေါ်ယူမှုများနှင့် နည်းပြခန့်အပ်မှုများ၌ ခြယ်လှယ်နေကြောင်းနှင့် ၎င်းအနေဖြင့် အသင်းနှင့်အတူ အောင်မြင်မှုရယူနိုင်ရန် ဆန္ဒပြင်းပြနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။


READ NEXT
Cancel OK