Top News

ချင်းပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်း ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကထက် မဲပေးမည့်မဲဆန္ဒရှင် လူဦးရေခြောက်သောင်းကျော် တိုးလာ
24htopnews | September 20, 2024 2:12 PM CST

 ချင်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းပြုစုခြင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကထက် မဲပေးနိုင်သည့် မဲဆန္ဒရှင် ၆၀၀၀၀ ကျော်တိုးလာသည်ဟု ချင်းပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး  ဦးလင်းကျော်က ပြောကြားသည်။

“အစည်းအဝေးက လူဦးရေအချက်အလက် ကောက်ယူခြင်းနဲ့ အခြေခံမဲဆန္ဒရှင်စာ ရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ထဲမှာ ပါတဲ့ ပြည်နယ်အဆင့် လုပ်ငန်းကြီးကြပ်ရေး အဖွဲ့အစည်းအဝေးပေါ့။ ပြည်နယ်ကော်မရှင် အဖွဲ့ဝင်တွေ ဥက္ကဋ္ဌတွေ ပါတယ်။ အတွင်းရေးမှူးဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ညွှန်ကြားရေးမှူး၊ ပြည်နယ်လဝက ညွှန်ကြားရေးမှူးတို့ တက်ရောက်ပါတယ်။ အစည်းအဝေးမှာတော့ စီမံချက်ရေးဆွဲထားတာ ရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပြည်ထောင်စုလဝကနဲ့ နောက်တစ်ခုက ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ရေးဆွဲထားတဲ့ စီမံချက်က အပိုင်းလေးပိုင်းရှိပါတယ်။ အပိုင်း ၁ ဖြစ်တဲ့ လူဦးရေစာရင်းနဲ့ အချက်အလက် ကောက်ယူပြုစုခြင်း၊ စိစစ်ခြင်းဆိုတဲ့ဟာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပါတယ်။ လူဦးရေစာရင်းနဲ့ အိမ်ထောင်စုစာရင်းတွေကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကောက်ယူတာ။ အဲဒါအပိုင်း ၁ ပေါ့ ။ ကောက်ယူပြီးတဲ့အခါကျတော့ သက်ဆိုင်ရာ လဝကတွေက စိစစ်မယ် ။ စိစစ်တဲ့အခါမှာ အိမ်ထောင်စုစာရင်း ရှိ မရှိ၊ မှတ်ပုံ တင်လုပ်ထားတာ ရှိ မရှိတို့ကို စိစစ်တာပါ။ ထွေအုပ်က ကောက်ယူတယ်။ လဝက ကစိ စစ်တဲ့ဟာကို ရွေးကောက်ပွဲကော်မရှင်ကအ ခြေခံမဲစာရင်းအဖြစ် ပြောင်းတယ်။ အခြေခံ မဲစာရင်းအဖြစ် ပြောင်းတဲ့အခါမှာ ဘယ်လို ပြောင်းသလဲဆိုတော့ ၂၀၂၀ ဒီဇင်ဘာ ၃၁ မှာ ၁၈ နှစ် ပြည့်လာမယ့်သူတွေကို စိစစ်ပြီးတဲ့ အခါကျတော့ ကွန်ပျူတာထဲမှာ ထည့်သွင်းတယ်။ အဲဒါ အခြေခံမဲစာရင်းတွေ ဖြစ်လာတယ်။ အဲဒီမှာမှ ၂၀၁၅ တုန်းက မဲဆန္ဒရှင်ပေါ့၊ မဲဆန္ဒရှင်စာရင်းက ၂၇၅၄၁၈ ဦးရှိတယ်။ ၂၀၂၀ အခြေခံ မဲစာရင်းမှာ ၃၄၂၆၁၃ ဦးရှိ တယ်။ တိုးလာတယ်။ ၆၇၁၉၅ ဦးတိုးလာပါတယ်” ဟု ဦးလင်းကျော်က ပြောကြားသည်။

ချင်းပြည်နယ်အတွင်းတွင် မြို့နယ်ကိုးမြို့နယ်၊ ရပ်ကွက် ၇၀ နှင့်ကျေးရွာအုပ်စု ၄၆၄ အုပ်စုရှိပြီး မဲရုံပေါင်း ၁၀၀၀ ကျော်ထားရှိရန် လျာထားသည်ဟု သိရသည်။

“အစည်းအဝေးမှာတော့ လူဦးရေစာရင်း ကောက်ယူထားတာက ဘယ်နှယောက် ကောက်ယူထားတယ်။ ချင်းပြည်နယ်မှာတော့ လူဦးရေစာရင်း ကောက်ယူတာလည်းပြီးသွားပြီ ။ အခြေခံမဲစာရင်းသွင်းတာကလည်း ပြီးသွားပြီ။ အပိုင်း ၂ ပြီးသွားတဲ့ အခါကျတော့ စီမံချက်ထဲပါတဲ့ အပိုင်း ၃ ကို ဆက်လုပ်ဖို့ ရှေ့ လုပ်ငန်းစဉ်တွေ ထပ်ချတာပေါ့။ ပြောင်းလဲနေတဲ့ လူဦးရေစာရင်း နဲ့ အခြေခံမဲစာရင်းတွေကို လစဉ်ပြုစုတာတွေ ပြင်ဆင်တာတွေ ထိန်းသိမ်းတာတွေ ဆက်ပြီးတော့ဆောင်ရွက်သွား မှာပါ။ လူဦးရေစာရင်းရော အခြေခံမဲစာရင်းရောက ကိုယ့်လက်ထဲမှာ ရောက်နေပြီ။ပြောင်းလဲနေမယ့်ဟာတွေ ရှိမယ်။ ပြောင်းရွှေ့သွားတဲ့ ဟာတွေ  ပြန်ဝင်လာမယ့်ဟာတွေ ဒီဟာတွေအပေါ်မှာ လစဉ်ကိုလူဦးရေစာရင်းအရ ပြုစုမယ်။ ပြီးရင် ကွန်ပျူတာထဲမှာ အခြေခံမဲစာရင်းအဖြစ် မဲပေးပိုင်ခွင့်ရှိတဲ့သူတွေကို ပြန်ထည့်မယ်။ ဒါကို အပိုင်း ၃ အနေနဲ့ဆက်လုပ်သွားမယ်။ ဒါကို အစည်းအဝေးမှာ ဆွေးနွေးတယ်။အပိုင်း ၄ အခြေခံမဲစာရင်း ကြေညာခြင်းကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေမှ အခြေခံမဲစာရင်းတွေကို ဘယ်နေ့ကနေ ဘယ်နေ့အထိ ကြေညာပါဆိုတဲ့ညွှန်ကြားချက် ထွက်လာတဲ့အခါကျရင်တော့ အပိုင်း ၄ ပြီး သွားမှာပေါ့ ” ဟု ဦးလင်းကျော်က ပြောကြားသည်။  


READ NEXT
Cancel OK