Top News

စိတ်ကြွ ရူးသွပ်ဆေးပြားများ သိန်းသောင်းချီမိသော်လည်း ပိုင်ရှင်မဲ့ဖြစ်ခြင်း၊ မူးယစ်ဆေးဝါးပြုလုပ်သည့် ကုန်ကြမ်းများ၊ စက်ပစ္စည်းများ အများအပြား ဖမ်းဆီးရမိမှုများ ရှိသော်လည်း ပိုင်ရှင်မဲ့ဖြစ်နေကြောင်း တိုင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
24htopnews | September 20, 2024 2:12 PM CST

စိတ်ကြွရူးသွပ်ဆေးပြားများ သိန်းသောင်းချီမိသော်လည်း ပိုင်ရှင်မဲ့ဖြစ်ခြင်း၊ မူးယစ်ဆေးဝါးပြုလုပ်သည့် ကုန်ကြမ်းများ၊ စက်ပစ္စည်းများ အများအပြား ဖမ်းဆီးရမိမှုများ ရှိသော်လည်း ပိုင်ရှင်မဲ့များဖြစ်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြောကြားခဲ့သည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ရန်ကုန်တိုင်းဒေသကြီးအတွင်း အရွယ်မရောက် ကလေးသူငယ်များနှင့် ကျောင်းသားအရွယ် လူငယ် များအကြားတွင် တွေ့ကြုံဖြစ်ပွားနေသော မူးယစ်စိတ်ကြွ ဆေးပြား (WY) သုံးစွဲမှုများ ပပျောက်စေရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆို”ကို ဦးလှဌေးက ထောက်ခံဆွေးနွေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“WY ဆေးပြားတွေက အခုဆိုရင် ကျောင်းများအတွင်းကိုပါ ဝင်ရောက်ပျံ့နှံ့ လာနေပြီဆိုတာ သိရပါတယ်။ ကျောင်းသားလူငယ်တွေကို မူးယစ်ဆေးဝါးရဲ့သားကောင်၊ မူးယစ်ဆေးဝါးရဲ့စျေးကွက်အဖြစ် အသုံးချ လာကြတာဖြစ်ပါတယ်။ ဒါတွေကို မိဘဆရာများကလည်း အထူးသတိပြုထိန်းကျောင်းဖို့ လိုအပ်တာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့  အနာဂတ်အတွက် လူငယ်တွေ၊ ကျောင်းသားတွေ ပျက်စီးကြရတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါး၊ ဆေးပြားတွေ သိန်းနဲ့သောင်းနဲ့ချီပြီး ကား အစီးလိုက်မိတယ်။ ပိုင်ရှင်မဲ့ဖြစ်တယ်။ ဆေးဝါးလုပ်တဲ့ကုန်ကြမ်းတွေ၊ စက်တွေမိတယ်။ များရင် ပိုင်ရှင်မဲ့ဖြစ်တယ်။ ရန်ကုန်မြို့တွင်း ကိုရောက်မှ မိတာမျိုးတွေလည်း တွေ့ရှိနေရ တာဖြစ်ပါတယ်” ဟု ဦးလှဌေးက ဆိုသည်။

စိတ်ကြွ ဆေးများ၊ WY ဆေးဝါးများ သုံးစွဲခြင်းအားဖြင့် ပုံမှန်စိတ်များကင်းလွတ် ပြီး အသိမဲ့သည့်လုပ်ရပ်များ လုပ်လာကြောင်း၊ သုံးစွဲသူများသည် နောက်ဆုံးတွင် ရူးသွပ်သွားကြောင်း၊ စတင်သုံးစွဲသည့်အခါတွင် မသိသာသော်လည်း တဖြည်းဖြည်းဆိုးကျိုးများစွာ ဖြစ်ပေါ်လာပြီး မသုံးစွဲဘဲနေပါက စိတ်ဓာတ်များကျလာခြင်း၊ လူများကို သံသယ ဖြင့်ကြည့်ခြင်း၊ သတ်ဖြတ်ချင်သည့် စိတ်များ ဖြစ်လာပြီး နောက်ဆုံးတွင် ရူးသွပ်သွားကြောင်း ဦးလှဌေးက ပြောကြားသည်။

“စျေးနှုန်းက အင်မတန်ပေါလွန်းတဲ့အတွက် အလွယ်တကူ ဝယ်သုံးကြတယ်။ ရောင်းချကြတယ်။ ငွေလိုလာတော့ သုံးစွဲသူကနေ ရောင်းချသူဖြစ်သွားတယ်။ အဲဒီနောက် ခိုးဆိုးလုယက်မှုတွေကို ကျူးလွန်လာကြတယ်။ ဒီလိုနဲ့ တစ်စတစ်စကျယ်ပြန့်လာတာပဲ ဖြစ်ပါတယ်” ဟု ဦးလှဌေးက ပြောကြားသည်။

မူးယစ်ဆေးဝါးများ ရန်ကုန်သို့ မည်ကဲ့ သို့ ဝင်ရောက်သနည်း၊ ပြည်တွင်းသို့ မည်သည့်လမ်းကြောင်းမှ ဝင်ရောက်နေသနည်း၊ မူးယစ်စိတ်ကြွ ဆေးပြားများ များစွာပေါ်ပေါက် နေသည့်အချိန်ဖြစ်နေကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ၏ အဆိုအား ထောက်ခံဆွေးနွေးအပ်ကြောင်း ဦးလှဌေးက ပြော ကြားသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက သဘောထားမှတ်ချက်ပြောကြားရာတွင် “မူးယစ်ဆေးဝါးပြဿနာသည် လူသား တစ်ရပ်လုံး ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းကို နိုင်ငံအသီးသီးက ပူးပေါင်းဆောင် ရွက်နေပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ခံယူပြီးတော့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

 


READ NEXT
Cancel OK