Top News

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ပေးရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မေးခွန်းမေးမြန်း
24htopnews | September 20, 2024 2:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် မူလတန်းကြို ကျောင်းများ ဖွင့်လှစ်ပေးရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဘရီက မေးခွန်းမေးမြန်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၂၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူး၊ လေရှီး၊ နန်းယွန်း၊ ကလေးဝ၊ မင်း ကင်း၊ ဝက်လက်၊ ခင်ဦး၊ ကသာ၊ အင်းတော်နှင့် မြောင်မြို့နယ်များတွင် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မူလတန်းကြိုကျောင်း တစ်ကျောင်းစီ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိ သိလိုကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဘရီက မေးခွန်း မေးမြန်းခဲ့ကြောင်း ဆက်လက်သိရသည်။

“ကျွန်တော်တို့တို့စစ်ကိုင်းတိုင်းဒေသကြီးမှာ ခရိုင် ၁၁ ခုနဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ် ရှိတဲ့အနက် တမူးခရိုင်နဲ့ မြို့နယ် ၁၀ ခုဖြစ်တဲ့ လေရှီး၊ နန်းယွန်း၊ ကလေးဝ၊ မင်းကင်း၊ ဝက် လက်၊ ခင်ဦး၊ ကသာ၊ အင်းတော်နဲ့ မြောင် မြို့ နယ်တွေမှာ လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြု မူလတန်းကြိုကျောင်း တစ်ကျောင်း မှ မရှိသေးတာကို လေ့လာတွေ့ရှိရပါ တယ်။ ဒါ့ကြောင့် အစောကပြောခဲ့တဲ့ မြို့နယ်တွေမှာ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မူလတန်းကြိုကျောင်းတစ်ကျောင်းစီ ဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ မရှိသိလိုတဲ့အတွက် ဒီ နေ့လွှတ်တော်မှာ မေးခွန်း မေးမြန်းရတာဖြစ်ပါတယ်”ဟု တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဘရီက ပြောကြားသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်မည့် မူလတန်းကြိုကျောင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဦးမိုးကျော်သူက ဆိုသည်။

“လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ထောက်ပံ့ကြေးရ ကိုယ့်အားကိုယ့်ကိုး မူလ တန်းကြိုကျောင်းတွေကတော့ တမူးခရိုင် တမူးမြို့မှာ တစ်ကျောင်း၊ လေရှီးမြို့နယ်မှာ တစ်ကျောင်း၊ ဝက်လက်မြို့နယ်မှာ နှစ်ကျောင်း၊ ခင်ဦးမြို့မှာ တစ်ကျောင်း၊ ကသာမြို့ နယ်မှာတစ်ကျောင်းတွေရှိပါတယ်။ အလား တူ အင်းတော်မြို့နယ်နဲ့ကျေးရွာတွေမှာ ကိုယ့်အားကိုယ်ကိုး ဖွင့်လှစ်ထားတဲ့  မူလတန်းကြို ကျောင်း ၁၆ ကျောင်းအထိရှိပါတယ်။ အဲဒီကိုယ့်အားကိုယ်ကိုး ဖွင့်လှစ်ထားတဲ့ မူလတန်းကြိုကျောင်း ၁၆ ကျောင်းရှိတဲ့အထဲက ကျောင်းရှစ်ကျောင်းကိုတော့ လူမှုဝန်ထမ်း ဦးစီးဌာနရုံးချုပ်ကို အသိအမှတ်ပြုထောက်ပံ့ ကြေးရရှိရန်အတွက် တင်ပြထားပါတယ်ဓဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင် မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးကော်မတီမှ အသိအမှတ်ပြုပြီးသော ပုဂ္ဂလိက မူလတန်းကြိုကျောင်း ၄၅ ကျောင်းအပါအဝင် ကိုယ့် အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၉၆ ကျောင်း ရှိသည့်အနက် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ထောက်ပ့ံကြေးရ ကိုယ့် အားကိုယ်ကိုး မူလတန်းကြို ကျောင်း ၈၈ ကျောင်းအထိ ရှိကြောင်း သိရသည်။


READ NEXT
Cancel OK