Top News

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့၌ အင်တိုက်အားတိုက် လှုပ်ရှားဦးမည်ဟု အေစီမီလန် CEO  အတည်ပြု
24htopnews | September 19, 2024 8:12 PM CST

အေစီမီလန် CEO ဂါဇီဒစ်က ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများတွင် ပြုလုပ်ခဲ့သည့် အားဖြည့်မှုများကို ကျေနပ်အားရလျက်ရှိပြီး နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အင်တိုက်အားတိုက် လှုပ်ရှားစေဦးမည်ဖြစ်ကြောင်း၊ ပံ့ပိုးမှုအပြည့်ပေးသွားမည်ဖြစ်ကြောင်း TMW ရေဒီယိုသို့ ပြောကြားခဲ့သည်။ 

အေစီမီလန် CEO ဂါဇီဒစ်က မိမိတို့ တာဝန်ရှိသူများသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကို ကျေနပ်အားရနေပြီး လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင်လည်း အင်တိုက်အားတိုက် လှုပ်ရှားသွားဦးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် ပြီးခဲ့သည့် ဆောင်းရာသီနှင့် နွေရာသီ အပြောင်းအရွှေ့များတွင် ကစားသမားကောင်းများစွာ အားဖြည့်နိုင်ခဲ့ပြီး ၂၀၁၉-၂၀ ရာသီနှောင်းပိုင်းတွင် ခြေစွမ်းကောင်းများ ပြသခဲ့သလို၊ ယခု ရာသီအစတွင်လည်း ခြေစွမ်းပြနေသည်။ 

အေစီမီလန်အသင်းသည် ယခုရာသီတွင် ရှုံးပွဲမရှိ ကစားထားပြီး စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။ 

ဂါဇီဒစ်က ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများတွင် ပြုလုပ်ခဲ့သည့် အားဖြည့်မှုများကို ကျေနပ်အားရလျက်ရှိပြီး နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အင်တိုက်အားတိုက် လှုပ်ရှားစေဦးမည်ဖြစ်ကြောင်း၊ ပံ့ပိုးမှုအပြည့်ပေးသွားမည်ဖြစ်ကြောင်း TMW ရေဒီယိုသို့ ပြောကြားခဲ့သည်။ 

ဂါဇီဒစ်က "ကျွန် တော်တို့ဟာ အပေါင်းလက္ခဏာဆန်တဲ့ ကာလကို ဖြတ်သန်းနေတာပါ။ ဒါပေမဲ့ ခရီး လမ်းက ရှည်ဦးမှာဖြစ်ပြီး စိန်ခေါ်မှုလည်း မြင့်ပါတယ်။ အသင်းမှာ ခိုင်မာတဲ့ပိုင်ရှင် တွေ ရှိနေပြီး သူတို့က ကျွန်တော်တို့ကို ယုံ ကြည်မှုအပြည့်ပေးထားပါတယ်။ ကျွန် တော်တို့မှာ ရှင်းလင်းတဲ့မဟာဗျူဟာရှိပြီး ကစားသမားကောင်းတွေကို ထပ်မံအား ဖြည့်သွားမှာပါ။  နွေရာသီအပြောင်းအရွှေ့ကို ကျွန်တော်တို့ အားရပါတယ်။ နည်းစနစ်ဒါရိုက်တာ မာလ်ဒီနီ ဦးဆောင်တဲ့အဖွဲ့ဟာ လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွက် ဂီယာထိုးပြီးသားဖြစ်နေပါပြီ။ ယုံကြည်မှုလည်း အပြည့်အ၀ ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK