Top News

ဘာရှက်ဆီဟီနှင့်ပွဲတွင် နေမာ ဒဏ်ရာရရှိခဲ့ပြီး ရက်အနည်းငယ် အနားယူဖွယ်ရှိ
24htopnews | September 19, 2024 8:12 PM CST

နေမာသည် ၎င်း၏ ဘယ်ဘက်ပေါင်တွင် နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ပွဲချိန်(၂၆)မိနစ်တွင် ဆာရာဘီယာနှင့် လူစားလဲခဲ့ရသည်။ 

PSG အသင်း၏ အဓိကတိုက်စစ်ကစားသမား နေမာသည် ဘာရှက်ဆီဟီနှင့် ချန်ပီယံလိဂ်အုပ်စုပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ရက်အနည်းငယ် အနားယူရဖွယ်ရှိကြောင်း အသင်းနည်းပြ တူဟယ်လ်က အတည်ပြုပြောကြားခဲ့သည်။

နေမာသည် ၎င်း၏ ဘယ်ဘက်ပေါင်တွင် နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ပွဲချိန်(၂၆)မိနစ်တွင် ဆာရာဘီယာနှင့် လူစားလဲခဲ့ရသည်။ 

PSG အသင်းသည် လာမည့်(၁၀)ရက်အတွင်း နန့်စ်၊ ရန်းစ်တို့နှင့် ပြင်သစ်လီဂူး (၂)ပွဲ၊ လိုက်ပ်ဇစ်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၁)ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

PSG နည်းပြ တူဟယ်လ်သည် အသင်းအတွက် အဓိကကစားသမားတစ်ဦးဖြစ်သလို၊ နောက်ဆုံး(၆)ပွဲတွင် (၂)ဂိုးသွင်း၊ (၃)ဂိုး ဖန်တီးကာ ခြေစွမ်းပြနေသည့် နေမာ အဆိုပါပွဲများတွင် မပါဝင်နိုင်မည်ကို စိုးရိမ်နေသည်။

တူဟယ်လ်က "သူ့ကို လူစားလဲဖို့ လိုအပ်ခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးမှုကိုတော့ စောင့်ရပါဦးမယ်။ သူက အရမ်းကြီး နာကျင်ခဲ့တာတော့ မဟုတ်ပေမဲ့ သူ မသက်မသာ ဖြစ်ခဲ့ပါတယ်။ ကျပ်ညပ်နေတဲ့ ပွဲစဉ်တွေကြောင့် သူ့ကို ကျွန်တော်တို့ ပွဲအနည်းငယ်မှာ ဆုံးရှုံးရနိုင်ပါတယ်။ ကျွန်တော် သေချာတော့ မပြောနိုင်သေးဘူး။ ပေါင်တွင်းကြွက်သား ဒဏ်ရာရခဲ့တာဖြစ်ပြီး လာမယ့်စစ်ဆေးမှုတွေကို စောင့်ကြည့်ရပါဦးမယ်"ဟု ပွဲအပြီးတွင် မှတ်ချက်ပြုခဲ့သည်။


READ NEXT
Cancel OK