ပရီးမီးယားလိဂ်ချန်ပီယံဆုမှာ အဓိကပစ်မှတ်ဟု ဂျေးဇူး ပြောကြား
24htopnews | September 19, 2024 7:12 PM CST
အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးက လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူရန်မှာ မိမိတို့၏အဓိကပစ်မှတ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် တစ်ရာသီလုံးနီးပါး အဆင့် (၁)နေရာတွင် ရပ်တည်ခဲ့သော်လည်း ရာသီကုန်ခါနီးတွင် ခြေချော်ကာ ဒုတိယဖြင့် ကျေနပ်ခဲ့ရသည်။
ဂျေးဇူးက ပြီးခဲ့သည့်ရာသီက ခြေမချော်မီ မိမိတို့ အသင်းအနေဖြင့် ကြောက်ရွွံခဲ့ကြောင်း ဝန်ခံခဲ့ပြီး လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံရယူရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။
''ပရီးမီးယားလိဂ် ရယူဖို့က ကျွန်တော်တို့ရဲ့အဓိကပစ်မှတ်ပါ။ ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်နဲ့အနည်းဆုံးနောက်ဆုံးအချိန်အထိ ကျွန်တော်တို့ယှဉ်ပြိုင်သွားမှာပါ''ဟု ၎င်းက ဆိုခဲ့သည်။
READ NEXT
-
မှော်ရုံတောမှာ မောလှပြီ
-
ချယ်လ်ဆီးကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ် ကိုခေါ်ယူရန် ဘာစီလိုနာနှင့် အင်တာမီလန်အသင်းတို့ အပြိုင်စိတ်ဝင်စားနေ
-
အိုင်ယာလန်နာမည်ကြီး MMA ကစားသမား မက်ဂရီဂေါ်အား မုဒိမ်းမှုဖြင့် တရားစွဲထားသည့် အမျိုးသမီး တရားရုံးသို့ လာရောက်ထွက်ဆို
-
မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၃ခြေစစ်ပွဲကျင်းပမည့်ပုံစံကို AFC ပြန်လည်အတည်ပြုမည်
-
လာမည့် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ(၁၄)ရက်တွင် စတင်ပြီး မေလ(၂၂)ရက်တွင် အဆုံးသတ်မည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ် ကြေညာ