Top News

■ အလွန်ဆိုအကြောင်း စကားစမြည်
24htopnews | September 19, 2024 1:12 AM CST

လူငယ်နည်းပြတွေမှာ စိတ္တဇလေးတစ်ခု ရှိတယ်။ ကွင်းဘေးစည်းမှာ ကူရာမဲ့သလို ခံစားရတာမျိုးပေါ့။ ပွဲကြည့်စင်ဘက်လှမ်းကြည့်ချိန်မှာ ထရော်မာက ပိုဆိုးခဲ့ပါပြီ။ "ငါ ဒီနေရာမှာ ဘာလုပ်နေတာလဲ"ဆိုပြီးတော့လည်း ခပ်ကြောင်ကြောင်တွေးမိနေလိမ့်မယ်။ အလွန်ဆိုအတွက်လည်း အဲဒီလိုစိတ္တဇမျိုး၊ အဲဒီလိုထရော်မာမျိုးဟာ လေဗာကူဆင်နည်းပြဘဝ တတိယမြောက်ပွဲမှာ ခံစားခဲ့ရပါတယ်။ အဲဒီပွဲမှာ ဖရန့်ဖတ်က လေဗာကူဆင်ကို (၅)ဂိုး (၁)ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ အဲဒီပွဲကို ကြည့်ဖူးသူတိုင်း ဘွန်ဒစ်လီဂါဆုကို လေဗာကူဆင်ရမယ်ဆိုပြီး ပြောမှာမဟုတ်ဘူး။ ဖရန့်ဖတ်နဲ့ပွဲမတိုင်ခင်မှာလည်း လေဗာကူဆင်က ပေါ်တိုကို ဂိုးပြတ်အညံ့ခံထားရတယ်။ တကယ့်ကို ရုန်းကန်နေရတဲ့အချိန်ဆိုပေမယ့် အလွန်ဆိုရဲ့စိတ်ထဲ ယုံကြည်စိတ်လေးရှိနေပါတယ်။ အတူတူ ရုန်းထွက်နိုင်မယ်လို့ တွေးနေမိတယ်။ ဖရန့်ဖတ်နဲ့ပွဲမတိုင်ခင် အဝတ်လဲခန်းထဲမှာ အလွန်ဆိုက "ငါတို့ ဒီထက်ပိုကောင်းနိုင်သေးတယ်။ ဖိုက်တင်း . . ."ဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။


READ NEXT
Cancel OK