Top News

၂၀၂၂-၂၀၂၃ နွေစပါးရာသီတွင် အကျိုးတူကန်ထရိုက်လယ်ယာလုပ်ငန်းကို ဧက ၈ ဒသမ ၅ သိန်း ဆောင်ရွက်မည်ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန်စပါးကုမ္ပဏီ၊ ဆန်စက်လုပ်ငန်းရှင်များ ဖိတ်ခေါ်
24htopnews | September 17, 2024 8:12 PM CST

၂၀၂၂-၂၀၂၃ နွေစပါးရာသီ အကျိုးတူလယ်ယာစနစ်ဖြင့် ဧက ၈ ဒသမ ၅ သိန်း ဆောင်ရွက်မည်ဖြစ်သဖြင့် အကျိုးတူ ကန်ထရိုက်လယ်ယာလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန်စပါးကုမ္ပဏီ၊ ဆန်စက်လုပ်ငန်းရှင်များကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ဖိတ်ခေါ်ထားသည်။

၂၀၂၂-၂၀၂၃ နွေစပါးရာသီတွင် အကျိုးတူလယ်ယာစနစ်ဖြင့် ဧက ၈ ဒသမ ၅ သန်းအထိ ဆောင်ရွက်ရန်လည်းကောင်း၊ နွေစပါးတောင်သူများအား ငွေသား Cash မပေးဘဲ Inking (မျိုး၊မြေသြဇာ၊ ဒီဇယ်စသည် တို့အား) စာချုပ်ချုပ်ဆို၍ တစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့် ဖွံ့ဖြိုးရေးရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ရန်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ အဓိကတာဝန်ယူကြီး ကြပ်စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအစီအစဉ်သည် တောင်သူများ၏နွေစပါးတစ်ဧကအထွက်နှုန်းတိုးတက်စေရန် မြေသြဇာ၊မျိုးစေ့နှင့်သွင်းအားစုများ ပံ့ပိုးပေးမည့် အစီအမံဖြစ်ပြီး သက်ဆိုင်ရာ  မြို့နယ်အလိုက် နွေစပါးတောင်သူများအား  စုဖွဲ့၍လည်းကောင်း၊ ဆန်စက်များနှင့် ဆန်စပါးကုမ္ပဏီများကို စုဖွဲ့၍လည်းကောင်း၊စုပေါင်းညှိနှိုင်းကာ စိုက်ပျိုးထုတ်လုပ်ဝယ်ယူ ကြိတ်ခွဲတင်ပို့ရောင်းချမည့်(Supply Chain Financing)ဖြစ်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အထက်ပါလုပ်ငန်းအား ကုမ္ပဏီများ၊ ညီ နောင်အသင်းများထံသို့ သြဂုတ် ၂ ရက်တွင်  ကြိုတင်အသိပေးခဲ့ရာ ကုမ္ပဏီ/လုပ်ငန်းရှင် ၂၈ ခုမှ နွေစပါးဧရိယာဧက ၄၈၅၃၃ ဧကကို  ဆောင်ရွက်ရန် ကနဦးစိတ်ပါဝင်စားမှု အဆိုပြုချက်များ ပေးပို့ခဲ့သည်။ အသင်းချုပ်အနေဖြင့်  အဆိုပါတင်ပြမှုများကို စိစစ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး လက်တွေ့စနစ်တကျ  ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်။

အဆိုပါစီမံချက်အရ စိုက်ဧရိယာဧက  ၈ ဒသမ ၅ သိန်းအထိ ဆောင်ရွက်ရန်ရှိသောကြောင့် ယင်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုသော သတ်မှတ်ချက်များနှင့်ညီညွတ်သည့် ဆန်စက်များ၊ ဆန်စပါးကုမ္ပဏီများသည် မိမိတို့ဆောင်ရွက်လိုသော မြို့နယ်ဒေသများနှင့် စိုက်ဧကများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၉ ရက် နောက်ဆုံးထား၍ အဆိုပြု တင်ပြပေးရန် မေတ္တာရပ်ခံထားသည်။


READ NEXT
Cancel OK