Top News

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက လာမည့်အောက်တိုဘာမှ စတင်ကာ အပတ်စဉ် အင်္ဂါနှင့်သောကြာနေ့များတွင် ရန်ကုန်-ဂါယာ-ရန်ကုန် စင်းလုံးငှားခရီးစဉ်ပျံသန်းမည်
24htopnews | September 17, 2024 8:12 PM CST

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက လာမည့်အောက်တိုဘာမှ  စတင်ကာ အပတ်စဉ် အင်္ဂါနှင့်သောကြာနေ့များတွင် ရန်ကုန်-ဂါယာ-ရန်ကုန် စင်းလုံးငှားခရီးစဉ် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။            

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် စက်တင်ဘာ ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့် ၂၉ ရက်များတွင် ရန်ကုန်-ဒူဘိုင်း -ရန်ကုန် စင်းလုံးငှားခရီးစဉ် ပျံသန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါစင်း လုံးငှားခရီးစဉ်အား ပျံသန်းမည်ဖြစ်ကာ မြန်မာနိုင်ငံမှ အခြားနိုင်ငံသို့သွားရောက်မည့် ခရီးသည်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံမှ လိုအပ်သောအထောက်အထားများ၊ COVID-19 Restriction သတ်မှတ်ချက်များကို အတိအကျ လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်များအတွက် Check in ကောင်တာအား လေယာဉ်မထွက်မီ နှစ်နာရီအလိုနှင့် ပြည်ပခရီးစဉ်များအတွက် သုံးနာရီအလိုတွင် ဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း မြန်မာအမျိုးသားလေ ကြောင်းလိုင်းက သတင်းရရှိသည်။

နိုင်ငံပိုင် မြန်မာအမျိုး သားလေကြောင်းလိုင်း ၇၄ နှစ်ပြည့်အဖြစ် ပြည်တွင်းပြည်ပခရီးစဉ်များကို ၁၅ ရာခိုင်နှုန်း မှ ရာခိုင်နှုန်း ၂၀ စျေးလျှော့ရောင်းချမည့် MNA 74 th Anni-versary Promotion အား သြဂုတ် ၁၇ ရက်တွင် စတင်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်း လိုင်း၏ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းစျေးလျှော့ရောင်းချမည့် MNA 74 th Anni-versary Promotion အား  သြဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA 74 th Anni-versary Promotion ကာလအတွင်း ဝယ်ယူသော လေယာဉ်လက်မှတ်များအတွက် ခရီးသွား ကလကို ၂၀၂၂ ခုနှစ် သြဂုတ် ၁၇ ရက်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိသတ်မှတ်ပေးထားသည့်အပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်မတိုင်ခင်အထိ တစ်ကြိမ်အခမဲ့ ရက်ချိန်းနိုင်ကြောင်း သိရသည်။

အထူးအစီအစဉ်အနေဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက် ခရီးစဉ်များတွင်လိုက်ပါ စီးနင်းမည့်ခရီးသည်များအား လေယာဉ်ပေါ်တွင် လက်မှတ်များကို မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထပ်မံ၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ၁၅ ရက်အတွင်း ပျံသန်းထားသော ပြည်ပခရီးစဉ်၏ အသွားအပြန် Boarding Pass နှစ်စောင်ကို စက်တင်ဘာ ၃၀ ရက်မတိုင်မီ မြန်မာအမျိုးသားလေကြောင်း လက်မှတ်အရောင်းကောင်တာများတွင် ပြသ၍ ပြည်တွင်းခရီးစဉ် One Way Ticket အား 20% လျှော့စျေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များကို MNA Website www.flymna.com ၊Mobile Application ၊MNA Ticketing Counters နှင့် Authorized များတွင် ဒေါ်လာနှင့် မြန်မာကျပ်ငွေများဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစ၍ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၄၉၀ မှစတင်ကာ ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK