Top News

ကိုရီးယား-မြန်မာစက်မှုမြို့ KMIC Industrial Complex အား နိုင်ငံတကာအဆင့်မီစက်မှုမြို့ ဖြစ်လာစေရေး KMIC စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းကော်မတီကို ပြင်ဆင်ဖွဲ့စည်း
24htopnews | September 17, 2024 8:12 PM CST

ကိုရီးယား-မြန်မာစက်မှုမြို့ KMIC Industrial Complex အား ဒေသတွင်းယှဉ် ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ စက်မှုမြို့ဖြစ်လာစေရေးအတွက် KMIC စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းမှုကော်မ တီကို ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၁၂၁/၂၀၂၂) ဖြင့် ဇူလိုင် ၁၇ ရက်က ထုတ်ပြန်ထားသည်။

အဆိုပါကော်မတီကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဖွဲ့ဝင် (၁၂) ဦး၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် KMIC စက်မှုဇုန်ထူထောင်ရေးဦးဆောင်ညှိနှိုင်းမှု ကော်မတီအနေဖြင့် မြန်မာ-ကိုရီးယားဖက်စပ်ထူထောင်သည့် KMIC စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဦးစီးဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် လိုအပ်သောခွင့်ပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လုပ်ငန်းများချောမွေ့စေရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

KMIC ဇုန်အတွင်းလိုအပ်သောအခြေခံ အဆောက်အအုံ (လမ်း၊ရေပေးရေး၊လျှပ်စစ်၊မီးဆက်သွယ်ရေး) စသည့် ဖြန့်ဖြူးရေးလုပ်ငန်းများ ပြည့်စုံစွာ လည်ပတ်စေရေး စီမံကွပ်ကဲ ဆောင်ရွက်ပေးရန်ဖြစ်သည်။

အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်စေမည့် သွင်းကုန်အစားထိုးရေးနှင့် ပို့ကုန် တိုးမြှင့်ရေးစက်မှုလုပ်ငန်းများ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက်သွားရန်ဖြစ်သည်။

KMIC စက်မှုဇုန်တွင် Bonded Area သတ်မှတ်၍ သွင်းကုန်၊ပို့ကုန်နှင့် အကောက်ခွန်လုပ်ငန်းများ စနစ်တကျရှိစေရေး ဆောင်ရွက်သွားရန်ဖြစ်သည်။

KMIC ဇုန်တွင် လာရောက်နေထိုင်သော နိုင်ငံခြားသာရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်လုပ်သားများနှင့် ပညာရှင်များ၊ ၎င်းတို့၏ မိသားစုဝင်များ နေထိုင်ခွင့်ရရှိစေရေးနှင့် ပြည်တွင်းခရီးသွားလာရေးတို့အတွက် လိုအပ်  သည်များကို အဆင်ပြေချောမွေ့မှုရှိစေရေး ညှိနှိုှုင်းပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်သည်။

KMIC ဇုန်တွင် ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မရဘဲ အဆောက်အဦးဆောက်လုပ်ခြင်း ၊ လမ်းဖောက်ခြင်းများကို ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ညှိနှိုင်း၍အရေးယူဆောင်ရွက်ရန်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးတည်ဆောင်မှု ဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်ရေး၊ မြေအသုံးပြုရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ငွေရေး ကြေးရေး၊ အခွန်အခ၊ စည်ပင်သာယာရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးနှင့် မီးဘေးလုံ ခြုံရေးနှင့်မီးဘေးလုံခြုံရေးစသည့် KMIC ဇုန် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို လမ်းညွှန်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းစီစဉ်ဆောင်ရွက်ရန် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်တွင် Korea-Myanmar Industrial Complex စီမံကိန်းအပိုင်း(၁)တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခဲ့ သည်။ အပိုင်း(၁)တည်ဆောက်ရေးလုပ်ငန်းများသည် စုစုပေါင်းဧရိယာ ၅၅၆ ဧကမှ ၃၁၅ ဧကအားအကောင်အထည် ဖော်မည်ဖြစ်သည်။ တည်ဆောက်ရေးကာလကြာချိန် ၂၄ လဖြစ်ပြီးခန့်မှန်းတွက်ချက်မှုပမာဏအရ ဒေါ်လာ ၂၇ သန်းခန့် ကုန်ကျနိုင်ကြောင်း KMIC Developmentက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ မြေဧက ၅၅၀ ကျော် ပေါ်၌ မြန်မာ-ကိုရီးယားပူးပေါင်းဖွဲ့စည်းထားသည့် KMIC ကဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီစက် မှုဇုန်စီမံကိန်းကို လာမည့် ၂၀၂၅ ခုနှစ်အပြီး တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း၊ မြေဧရိယာ ၅၅၅ ဒသမ ၈၁ ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်းဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူ စာချုပ်ကို ၂၀၁၉ ခုနှစ်သြဂုတ် ရရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။


READ NEXT
Cancel OK