Top News

ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး (၅)ဦးထဲတွင် မိမိပါဝင်သည်ဟု လူကာကူ ပြောကြား
24htopnews | September 17, 2024 5:12 PM CST

အင်တာမီလန်အသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက မိမိသည် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး(၅)ဦးထဲတွင် ပါဝင်သည်ဟု ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် လူကာကူက "ကျွန်တော့်ရဲ့ နည်းစနစ်ပိုင်း၊ နေရာယူပုံနဲ့ ရွေ့လျားပုံတွေက ဒါကို သက်သေပြနေပါတယ်။ ကျွန်တော် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး(၅)ဦးထဲမှာ ပါဝင်ပါတယ်။ စီရော်နယ်လ်ဒို၊ မက်ဆီနဲ့ လီဝန်ဒေါစကီး တို့ စွမ်းဆောင်နိုင်သလို ကျွန်တော်လည်း ဘာကြောင့် မလုပ်နိုင်ရမှာလဲ"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လူကာကူသည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် အင်တာမီလန်အတွက် (၉) ပွဲကစားထားပြီး (၈) ဂိုးသွင်းယူပေးထားသည်။


READ NEXT
Cancel OK