Top News

နေပြည်တော်အတွင်းနေရာ(၁၀)ခုကို မီးသတ်တပ်ဖွဲ့က သောက်သုံးရေဂါလန် ၂ သောင်းခွဲခန့်လှူဒါန်း
24htopnews | September 17, 2024 12:12 PM CST

နေပြည်တော်အတွင်း ရေကြီးမှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့်နေရာ(၁၀)ခုကို မီးသတ်တပ်ဖွဲ့ဝင်များက ရေဂါလန် ၂ သောင်းခွဲခန့်အား စက်တင်ဘာ ၁၆ ရက်ကလိုက်လံလှူဒါန်းပေးခဲ့ကြကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

တပ်ကုန်းမြို့နယ်ရှိ ကုတင်(၁၀၀)ဆေးရုံသို့ ရေဂါလန်(၆၄၀၀)၊ မဟာဇနကဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန်(၂၄၀၀)၊ အ.ထ.က(၁) ကျောင်းသို့ ရေဂါလန်(၁၆၀၀)၊ အ.ထ.က(မကျီးပင်)စာသင်ကျောင်းသို့ ရေဂါလန်(၁၆၀၀)၊ ၁၀၉ တပ်ဦးဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန် (၁၆၀၀)တို့ကို မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံလှူဒါန်းပေးခဲ့ကြသည်။

ထို့ပြင် အ.လ.က(ခွဲ)(သူဌေးကုန်း)သို့ ရေဂါလန် (၃၂၀၀)၊ ဘိုးဘွားရိပ်သာသို့ ရေဂါလန်(၃၂၀၀)၊ မြို့လည်ဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန် (၃၂၀၀)၊ စည်သူအောင် ဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန်(၈၀၀)၊ ပျဉ်းမနားမြို့နယ်၊ မအူကျေးရွာသို့ ရေဂါလန်(၁၆၀၀)၊ ဇေယျာသီရိမြို့ နယ်၊ ဗောဓိမြိုင်ဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန်(၂၄၀၀)တို့ကိုလည်း လိုက်လံလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

သောက်သုံးရေလှူဒါန်းမှုအား ဥတ္တရခရိုင်မီးသတ်စခန်း၊ တပ်ကုန်းမြို့နယ်မီးသတ်စခန်း၊ ပျဉ်းမနားမြို့နယ်မီးသတ်စခန်းနှင့် ဇေယျာသီရိမြို့နယ်မီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက လိုက်လံလှူဒါန်းပေးခဲ့ကြခြင်းဖြစ်သည်။


READ NEXT
Cancel OK