Top News

ဆင်းရဲနွမ်းပါးသူမိသားစုများအတွက် အစားအသောက်ဘူး(၈၀၀၀၀) မန်ယူ လှူဒါန်းမည်
24htopnews | September 17, 2024 10:12 AM CST

မန်ချက်စတာယူနိုက်တက် ဖောင်ဒေးရှင်းနှင့် အစားအသောက် လှူဒါန်းသည့် ရန်ပုံငွေအဖွဲ့အစည်းဖြစ်သော FareShare တို့ပူးပေါင်း၍ ဒေသတွင်းခရစ္စမတ်ကာလလှူဒါန်းမှုအစီအစဉ်များတွင် ပါဝင်သွားမည် ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ 

မန်ယူအသင်းသည် အသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၏ လှူဒါန်းမှုအစီအစဉ်များတွင် ပါဝင်ကူညီသောအားဖြင့် ဆင်းရဲနွမ်းပါးသူမိသားစုများကို အစားအသောက်ဘူး(၈၀၀၀၀) လှူဒါန်းသွားမည ်ဖြစ်ကြောင်းသိရှိရသည်။

မန်ချက်စတာယူနိုက်တက်ဖောင်ဒေးရှင်းနှင့် အစားအသောက် လှူဒါန်းသည့် ရန်ပုံငွေအဖွဲ့အစည်းဖြစ်သော FareShare တို့ပူးပေါင်း၍ ဒေသတွင်းခရစ္စမတ်ကာလလှူဒါန်းမှုအစီအစဉ်များတွင် ပါဝင်သွားမည် ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ 

မန်ယူအသင်းရှိ ကစားသမားများကလည်း လိုအပ်ချက်ရှိသည့်နွမ်းပါးသူများအား ခရစ္စမတ်လက်ဆောင်များနှင့် အစားအသောက်ပါဆယ်ထုပ်များ ဝေငှလှူဒါန်းရန် မန်ယူအသင်းပရိသတ်များထံ တောင်းဆိုထားကြောင်း သိရသည်။

လာမည့်ခရစ္စမတ်ပွဲတော်ကာလအတွင်း ယင်းကဲ့သို့ လှူဒါန်းပေးဝေမှုများပြုလုပ်နိုင်ရန်အတွက် FareShare ၏ အစီအစဉ်များဖြင့် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း အသင်းစားဖိုမှူးများက (၃၃)တန်အလေးချိန်ရှိ အစားအသောက်များကို ချက်ပြုတ်သွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK