Top News

ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း ရန်ကုန်ဘက်ခြမ်းဧရိယာတွင် ပါဝင်နေသည့် ဆက်သွယ်ရေးတာဝါတိုင် ကုန်သိုလှောင်ရုံတစ်ခုနှင့် အများသုံးအိမ်သာတို့ကို ရွှေ့ပြောင်းသွားမည်
24htopnews | September 17, 2024 2:12 AM CST

ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း ရန်ကုန်ဘက်ခြမ်းဧရိယာတွင် ပါဝင်နေသည့် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု၊ ကုန်သိုလှောင်ရုံတစ်ခုနှင့် အများသုံးအိမ်သာအချို့ကို ရွှေ့ပြောင်းနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်းဧရိယာတွင် ပါဝင်နေသည့် အဆိုပါနေရာများအား ဖျက်သိမ်းခြင်း၊ ရွှေ့ပြောင်းခြင်းများအား ပြုလုပ်နိုင်ရန် သက်ဆိုင်ရာဌာနအသီးသီးနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်ဘက်ခြမ်းမှာဆိုရင် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု၊ ကုန်သိုလှောင်ရုံအချို့နဲ့ အများသုံးအိမ်သာတစ်ခုတို့ကို ရွှေ့ပြောင်းဖျက်သိမ်းပေးရမှာဖြစ်လို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ နောက်ပြီး တံတားတည်ဆောက်ဖို့အတွက် တင်ဒါအောင်မြင်ထားတဲ့ GS Engineering & Construction ကုမ္ပဏီနဲ့ ညှိနှိုင်းဆွေးနွေးမှု တွေလုပ်နေပါတယ်။ ဇန်နဝါရီလကုန်လောက်မှာ ညှိနှိုင်းမှုတွေပြီးစီးပြီး လက်မှတ်ရေးထိုးနိုင်မှာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြားသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းတည်ဆောက်ခွင့် တင်ဒါအောင်မြင်သည့် ကိုရီးယားကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားတည် ဆောက်ရေးစီမံကိန်းအား ကိုရီးယားနိုင်ငံမှ GS Engineering & Construction ကုမ္ပဏီမှ တင်ဒါအောင်မြင်ထားပြီး ယင်းကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ Contract Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း၏ ပန္နက်တင်အခမ်းအနားအား ၂၀၁၈ ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ပြီး၂၀၁၉ ဇန်နဝါရီလတွင် တည်ဆောက်  ရေးလုပ်ငန်းများစတင်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း၏ ပင်မတံတားပုံစံအား ရေလမ်းကင်းလွတ်အမြင့်ပေ ၄၉ မီတာနှင့် အကျယ် ၃၇၀ မီတာထားရှိရန် အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီး ပင်မတံတားပုံစံအား ကိုရီးယားအကြံပေး ကုမ္ပဏီမှ ရေးဆွဲနေခြင်းဖြစ်သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအား ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း၊ မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

 


READ NEXT
Cancel OK