Top News

ဘူးသီးတောင်နှင့် မောင်တော အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၅ ခုရှိ ကျေးရွာများသို့ UN ၊ INGO ၊ NGO အဖွဲ့အစည်းများအနေဖြင့် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် မပြုရန် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ အကြောင်း
24htopnews | September 17, 2024 2:12 AM CST

ဘူးသီးတောင်နှင့် မောင်တော အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၅ ခုရှိ ကျေးရွာများသို့ UN ၊ INGO ၊ NGO အဖွဲ့အစည်းများအနေဖြင့် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်မပြုရန် ရခိုင်ပြည်နယ်အစိိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက အကြောင်းကြားသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော တိုက်ပွဲဖြစ်စဉ်များနှင့်ရရှိသတင်းများအပေါ် မူတည်၍ UN၊  INGO ၊ NGO  အဖွဲ့အစည်းများ ( ICRC နှင့် WFP အဖွဲ့မပါ   ) ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တို့အတွင်း ဆောင်ရွက်နေသော လုပ်ငန်းများအား လုံခြုံရေးအခြေအနေအရ လတ်တလော မြို့ပေါ်၌သာ လုပ်ငန်းဆောင်ရွက်ခွင့်နှင့်ခရီးသွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ ကျေးရွာများသို့ ခရီးသွားလာခွင့်နှင့်လုပ်ငန်းဆောင်ရွက်ခွင့်မပြုကြောင်း အကြောင်းကြားအပ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက   စစ်တွေ၊ မြောက်ဦးနှင့်မောင်တောမြို့တို့ရှိ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများသို့ ဇန်နဝါရီ ၁ဝရက်တွင် ပေးပို့သော အကြောင်းကြားစာတွင် ပါရှိသည်။

အဆိုပါစာ၏မိတ္တူကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးအဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး၊ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊   ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီအားလုံး၊   UN၊ INGO ၊ NGO အဖွဲ့အစည်းများအားလုံး ( ICRC နှင့် WFP အဖွဲ့မပါ) သို့ ပေးပို့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိှိ  ငမြင်းဘော်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ဖြင့်လည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန်ဖြင့်လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းအား ခန့်မှန်းအင်အား ၅၀ ခန့်ဖြင့်လည်းကောင်း၊ ခထီးလှ ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ဖြင့်လည်းကောင်း ရဲကင်းစခန်းလေးခုအား ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် AA အဖွဲ့ က တစ်ချိန်တည်း တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ထုတ်ပြန်ထားသည်။

ထိုသို့ AA အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်း စခန်းမှ  တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး   ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊   ကျောင်းတောင် ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိကြောင်း၊ ဂုပ္ပိရဲကင်းစခန်း မှ  ၃ ဦး ဒဏ်ရာရရှိကြောင်း၊ ခထီးလှ ရဲကင်းစခန်းမှ နှစ်ဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရရကာ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါဖြစ်စဉ်တွင်  စုစုပေါင်း  လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကား ပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း၊ AA အဖွဲ့ ဆုတ်ခွာရာ လမ်းကြောင်း တစ်လျှောက် တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့ များက ပိတ်ဆို့ ရှင်းလင်း လျက်ရှိပြီး ရဲကင်းစခန်းများရှိရာ ကျေးရွာ  လေးရွာမှ တိုင်းရင်းသား၊ တိုင်းရင်းသူများသည် ကျေးရွာများသို့ စွန့်ခွာတိမ်းရှောင်သွားသဖြင့်  အဆက်အသွယ်ရရှိရေး ရှာဖွေလျက်ရှိကြောင်း  သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး  တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ ငါးထောင်းနီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK